ဒါလေးတောင်နားလည်မပေးနိုင်ဘူးလားတဲ့
ငါ နားလည်ပေးနိုင်ပါတယ် အရာအားလုံးကိုပေါ့
ဒါလေးတောင် ခွင့်မလွှတ်နိုင်ဘူးလားတဲ့
ငါ ခွင့်လွှတ်နိုင်ပါတယ် ဘာမှမသိချင်လောက်တော့အောင်ပေါ့
ဒါလေးကို သံသယဖြစ်စရာလားတဲ့
ငါ မဖြစ်ခဲ့ပါဘူး ငါ ခံယူချက်မပျက်ခင်ထိပေါ့
မင်းငါ့ကို မချစ်လို့ ဒီလိုပြောတာတဲ့
ဟုတ်ပါတယ် ငါ နင့်ကို နားလည်ရလွန်း ခွင့်လွှတ်ရလွန်း
နာကျည်းရလွန်းလို့
နင့်ကို အရမ်းချစ်ခဲ့တဲ့ ငါ့အချစ်တွေနဲ့
မင်းရက်စက်မှုကို ချိန်ခွင်တစ်ဖက်စီထည့်ပြီးချိန်ရင်
ငါချစ်တဲ့အချစ်တွေက ပိုနေသေးလို့
ငါ့ကိုယ်ငါပဲ ခွင့်မလွှတ်နိုင်ခဲ့တာ နာကျည်းနေခဲ့တာပါ
မင်းမှာ အပြစ်ဆိုလို့ မြူတစ်မှုန်တောင်မှ မရှိခဲ့ပဲ
ချစ်ခဲ့တဲ့ငါကပဲ မှားခဲ့တာပါ ...
လွမ်းဆုလေး

0 comments:
Post a Comment