နာရီတွေ စက္ကန့်တွေနဲ့အမျှ
နေ့တစ်နေ့ရဲ့ နောက်ဆုံးအချိန်
နေညိုချိန်တောင်ရောက်ခဲ့ပြီ။
ရွာအ၀င်လမ်းမှာ ဖုန်တလုံးလုံးနဲ့
နွားကျောင်းသားတွေလဲ
နွားများသွင်းနေပြီ။
ကောက်ရိတ်သွားသူ ပျိုဖြူမေတို့
တေးတကြော်ကြော်ဖြင့်
မိုးမချုပ်ခင် အရောက်ပြန်ဖို့
ခြေလှမ်းသွက်သွက် လှမ်းနေကြပြီ။
အရှေ့ဘက်က လမင်းကြီးက
ဝင်လုဆဲဆဲနေမင်းကြီးကို နှုတ်ဆက်နေပြီ။
ဒီချိန် ဒီခါ သာယာလှပအရာမှန်သမျှ
ခုတော့ ငါ မြင်ခွင့်မရှိပြီ။
ကြားခွင့်မရှိပြီ။
အရွယ်ရောက်လို့အတောင်စုံတော့
ငါ့ဝမ်းငါကျောင်း ငါ့ခရီးလမ်းသို့
ငါလျှောက်လှမ်းခဲ့ရာ ..
မြို့ရိပ်ဂုဏ်ဝါ ဘယ်လောက်လှလဲ
ငါ့မွေးရပ်မြေလောက် မလှပနိုင်ဘူး
မြို့ရိပ်အေးချမ်း ငါ့တောလမ်းလောက်
မချမ်းမြေ့ပါဘူး ။
ငါချစ်တဲ့မြေ ငါ့မွေးရပ်မြေသို့
လှည်ပြန်ကြည့်မိ
နေ၀င်ချိန် စေတီ ပုထိုးအလှတွေနဲ့
ရွာပျိုဖြူ ကာလသားတို့
ချစ်ကျီစယ်သံ တလွင်လွင်ကို
နားထဲ ကြားမြဲ ငါ မြင်ယောင်ဆဲ .... ။
လွမ်းဆုလေး
0 comments:
Post a Comment