အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မင်းသွားတဲ့နေရာတိုင်းကို ငါ လိုက်မယ်.. (ပထမပိုင်း)

မင်းသွားတဲ့နေရာတိုင်းကို ငါ လိုက်မယ်.. (ပထမပိုင်း)

Written By MyanmarChnnel@ on Friday, February 28, 2014 | 5:17 PM


ဒီနေ့ သူချစ်သည့် ချစ်သူဆီမှ လက်ထပ်ခွင့်တောင်းမယ့်နေ့... သူပျော်ရွှင်သွက်လက်စွာ ချိန်းထားသော ကော်ဖီဆိုင်သို့ နာရီဝက် ခန့်စော ကာ ရောက်နှင့်နေသည်။ ကော်ဖီနှစ်ခွက်မှာထားကာ သူမ အလာကို စောင့်နေ မိသည်။ သူချိန်းထားသည့် ည ရှစ်နာရီ ထိုးပြီ။ တိုးလျသော ခြေသံ ညင်သာသော ခြေလှမ်းတို့ဖြင့် သူသိပ်ချစ်သည့် သူလေး ...။ အဖြူရောင် ၀မ်းဆက်လေးနှင့် သူ့ဆီသို့ လှမ်းလာသည်။

'' ရောက်နေတာ ကြာသွားပြီလား .. နွေး နောက်ကျသွားတယ်.. အလုပ်များနေတော့လေ ''

'' ရပါတယ်. ကို နားလည်ပါတယ် .. နွေး လဲ အားတဲ့သူမှ မဟုတ်တာ.. ကို့ ကို ခုလိုအချိန်ပေးပြီး လာတွေ့တာတောင် ကျေးဇူးတင်ရမှာ ''

'' ရော်.. ကို ကလဲ ပိုပြန်ပြီ.. ကို ကရော အားတဲ့လူ မို့လား''

''မအားပါဘူးဗျာ... ''

'' အင်းလေ .. တူတူပဲဟာ ''

'' ဟုတ်ပါပြီ.. နွေး အတွက် ကော်ဖီမှာထားပေးတယ်.. ''

'' နွေးကြိုက်တဲ့ ကော်ဖီဟုတ်ရဲ့လား''

'' ဟုတ်ပါတယ်.. သောက်ကြည့် ''

'' အင်း ''
နွေးက သူမှာထားသော ကော်ဖီကို တစ်ငုံချင်းစီ ဖြည်းဖြည်းသောက် သည်။ နွေးမျက်လုံးတွေက စားပွဲကိုသာ ကြည့်နေတာမို့ သူ နဲနဲတော့ အချဉ်ပေါက်လာသည်။

'' နွေး ''

''အင်း ''

'' စားပွဲက ကို့ ထက်ချောလို့လား ''

'' ဟောတော့.. လုပ်ချ လိုက်ပြန်ပြီ ''

'' မဟုတ်ဘူးလား ''

'' ခစ်ခစ် ကိုကတော့လေ.. စားပွဲက စားပွဲပဲ ဘာဆိုင်လို့လဲ ကိုနဲ့ .. ''

'' မသိဘူးလေ .. နွေးက စားပွဲကိုပဲ ကြည့်နေတာဆိုတော့ ''

'' ကိုကတော့နော်... ''

သူပြောတာကို နွေးက သွားတက်လေးတွေ ပေါ်သည်အထိ ပေါ့ပါးစွာ ရယ်လေသည်။ သူသာ မ၀ံ့မရဲနှင့် မျက်နှာဘယ်ထားရမှန်းမသိဖြစ်နေသည်။ သူ မျက်နှာပူပူနှင့် ပဲ တုံးတိကြီးပြောချလိုက်သည်။

'' နွေး ဒီမှာကြည့် ''

'' ဘာလဲ''

'' လက်ထဲက ဘာလေးလဲ သေချာကြည့်''

'' အင်း လက်စွပ်လေး .... ''

'' ဟုတ်တယ်.. ဒါ နွေးကို လက်ထပ်ခွင့်တောင်းမလို့ .. နွေး လက်ခံမယ်မဟုတ်လား ''

သူ့ စကားကြောင့် နွေး မျက်နှာလေးပန်းနုရောင်သန်းကာ ပြုံးနေသည်။ ဘာမှ မပြော။

'' နွေး လက်ခံတယ် မဟုတ်လား .. ''

'' အင်း ''

နွေး စကားကြောင့် သူ လက်စွပ်လေးကို နွေးရဲ့ ဘယ်ဘက် လက်သူကြွယ်လေးတွေ စွပ်ပေးလိုက်သည်။ ပြီးမှ နွေးလက်လေးနှင့် သူ့လက်ကို အတူယှဉ်ထားရင်း

'' ခုကစပြီး နွေး နဲ့ ကို က အရင်းနှီးဆုံးဖြစ်သွားပြီနော်.. နွေးသွားတဲ့နေရာတိုင်း ကို လိုက်မယ် ''

'' အင်း .. ''

'' နွေး နဲ့ ကိုယ်က ဒီလက်စွပ်လေးနဲ့ ချည်နှောင်ထားလိုက်ပီနော် ''

'' အင်း နွေးတို့ ဒီလက်စွပ်လေးနဲ့ ပိတ်မိမယ်နဲ့ တူမယ်နော် ''

'' နွေးက မကြိုက်လို့လား ''

''မဟုတ်ပါဘူး ..ပြောပြတာပါ ''

'' ဘယ်တော့မှ မခွဲဘူးနော် .. ဒီလက်စွပ်နဲ့ သက်သေပြုပြီး ပြောမယ်.. နွေး သွားတဲ့နေရာတိုင်း ကိုယ်လိုက်မယ်.. နွေး အားငယ်တဲ့ခါ နွေး ဘေးမှာ ကိုယ်ရှိမယ် .. နွေးပျော်တဲ့ခါ နွေး ရှေ့မှာ ကိုယ်ရှိမယ်.. နွေး ၀မ်းနည်းတဲ့ခါ နွေး နောက်မှာ ကိုယ်ရှိမယ်.. စိတ်ချနော် ''

'' ယုံပါတယ်.. ''

'' ကဲ ဒါဆို ကိုယ်ပြန်လိုက်ပို့မယ်နော်.. လာ ''

သူ ခေါ်ရာနောက်သို့ နွေးက ပြုံးပြုံးလေးနှင့် လိုက်လာသည်။ ကားတံခါး ဖွင့်ပေးလိုက်တော့ ကားထဲသို့ ညင်သာစွာ ထိုင်လေသည်။ သူ မြတ်နိုးမ၀ စွာဖြင့် သေချာကြည့်နေပြီးမှ ကားထဲ ၀င်ထိုင်ကာ ကားကို မောင်းထွက်ခဲ့သည်။
******************************************

ခုတတစ်လော ဆေးရုံတွင် လူတွေများစွာ ပြောစရာဖြစ်နေသည်။

'' ကြားပြီးပြီလား .. ဒေါက်တာ မိုးထက်တိမ် နဲ့ ဒေါက်တာ နွေးသက်အိမ် တို့ ကားမှောက်တာ .. ဒေါက်တာ နွေးတော့ သနားပါတယ်.. ဆုံးသွားရှာတယ် ''

'' အေးဟယ်.. သနားစရာလေး ''

'' ဒေါက်တာ မိုးထက်လဲ တော်တော် ကြေကွဲနေရှာတယ် .. ''

'' အင်း သနားလိုက်တာ ''

'' ဒေါက်တာတို့က ကံမကောင်းဘူးနော်''

'' အေးဟာ .. သနားပါတယ်ဟယ် .. ''

ထိုသို့ ဒေါက်တာ မိုးထက်တိမ် နှင့် ဒေါက်တာ နွေးသက်အိမ် တို့အကြောင်းကို တိုးတိုးပြောကြသည်မှာ နှစ်ချီခဲ့ပေပြီ။ ခုချိန်ထိ ဒေါက်တာ မိုးထက်တိမ် လဲ ဘယ်သူ့ကိုမှ ထပ်ပြီး ချစ်သူမထားသလို ဘယ်သူမှလဲ ဒေါက်တာအနား မသွားရဲ။ ဒေါက်တာကို အားလုံးက ယဉ်ယဉ်လေးရူးတယ်ဟု ပြောသည်။ တကယ်တော့ သူ မရူးပါ။ သူ အနားမှာ နွေးရှိနေတာကို ဘယ်သူမှ မသိကြတာ။ သူ ဘာမှ မဖြေချင်။ အိမ်ကိုသာ ပြန်ခဲ့သည်။

'' နွေး ... ကို ပြန်လာပြီနော် ''

'' လွမ်းလိုက်တာနွေးရယ်.. နွေး ရော ကို ကို မလွမ်းဘူးလားဟင်.. ''

'' အရမ်းချစ်တယ် နွေးရယ်.. ကို့ ကို ခွဲမသွားနဲ့နော် ''

သူတစ်ယောက်ထဲ နွေး ပုံတူ ပန်းချီကားရှေ့ စကားထိုင်ပြောနေဖြစ်သည်။ သူ့စိတ်ထဲမှာ နွေးက ဘေးမှာရှိသည်ဟု ခံစားနေရသည်။ နွေး ခုလို ဖြစ်ရတာ သူ့အပြစ်ဟု ခံယူနေမိသည်။ သူကြောင့်သာ မဟုတ်ခဲ့ရင် ခုလို နွေး သူ့ကို ခွဲသွားမှာမဟုတ်ဘူးဆိုတာ ယုံကြည်နေမိသည်။

'' ကို့ ကို ခွဲမသွားပါနဲ့ ချစ်ရယ်.. ကို အရမ်းလွမ်းတယ်.. ''

သူပြောနေသမျှအား သူ့နောက်မှ ရပ်နေသော နွေး တစ်ယောက် မျက်ရည်လေးများ ၀ဲလာသည်အထိ ဖြစ်ရရှာသည်။ နွေး ခုထိ ကို့ အနားက ဘယ်မှ မရွေ့ရသေး။ ကို အရမ်းလွမ်းသည်ဆိုတာ သိလို့ နွေး ကို့အနားမှာပဲ နေမိသည်။

'' နွေး ကို့ နောက်မှာ ရှိနေပါတယ် ကိုရယ်... မငိုပါနဲ့ လား ''

''နွေးတို့အဖြစ်က တစ်အိမ်ထဲ ရှိနေပါရက် ဘာလို့ မတွေ့နိုင်ပဲ အတူမရှိနိုင်တာလဲ ။ ကို့ နားမှာ နွေး ရှိနေတာကို ကို ဘာလို့ မသိတာလဲဟင် ''

ဒေါက်တာမိုးထက်တိမ်နောက်တွင် ရပ်လျှက် နွေး ပြောနေသည်ကို ဒေါက်တာမကြား။ သူ့ မျက်လုံးများက နံရံထက်က နွေး ပုံတူပန်းချီကားလေးကိုသာ ငေးကြည့်နေမိသည်။ လှလိုက်သည့် နွေး ။ ဒီလိုနဲ့ သူနေလာခဲ့တာ ရက်မှ လပြောင်း လမှ နှစ်ပြောင်း လို့ နှစ်တွေလဲ ချီခဲ့ပြီ။ ခုထိ သူ့ ရင်ထဲက နွေးနေရာတွင် ဘယ်သူ့မှ အစားမထည့်ခဲ့။ သူ နွေးကို အရမ်းချစ်သည်။ ညတိုင်း ဒီလိုနှင့် မိုးတွေလဲ လင်းခဲ့တာ ကြာလှပြီ။ ခုလဲ သူ အလုပ်သွားဖို့ ပြင်ဆင်ကာ

'' နွေး .. ကို အလုပ်သွားမယ်နော်.. အိမ်မှာ စောင့်နေခဲ့နော်.. အရမ်း ချစ်တယ် နွေးရယ် ''

သူ လက်ပြနှုတ်ဆက်ကာ ဆေးရုံသို့ထွက်လာခဲ့သည်။ ဆေးရုံတွင် သူ့တာဝန်များကို လုပ်ပြီးသည်နှင့် ဆေးရုံအပြင်ဘက် ၀ရန်တာလေးတွင် ထွက်ထိုင်နေမိသည်။ သူတစ်ယောက်ထဲနေချင်တာကြောင့်ပါ။ ထိုစဉ်..

'' မိုးတိမ် ''

'' အင်း .. ''

'' ငါ့ကို မှတ်မိလား .. ''

'' အင်းမှတ်မိပါတယ်.. စိုးငယ်ရယ် ''

'' ငါ ကြားလိုက်ပါတယ်ဟာ.. နင်တို့ ဇာတ်လမ်းတွေကို .. ''

'' အင်း ''

'' ဘယ်လိုဖြစ်တာလဲဟယ်.. နွေးကို သနားပါတယ် ''

'' ငါ့ကို အဲတာတွေ မမေးရင် မရဘူးလား စိုးငယ် ''

'' ငါ မေးတာ ဘာမှားလို့လဲဟ.. ''

'' ငါ အဲတာကို ဖြေနိုင်မယ့် အားအင် မရှိသေးဘူး ''

'' နင်ကလဲနော်.. နင်တို့ ဖြစ်ခဲ့တာဖြင့် ကြာလှပြီ ''

'' ခုချိန်ထိ ငါ့နားမှာ သူရှိနေတယ် ''

'' အင်း .. ငါ ဘယ်လိုကူညီရမလဲ ''

'' မလိုပါဘူး ''

'' ငါနင့်အိမ်လိုက်ချင်တယ် ''

'' နင်မကြောက်ရင် ရပါတယ် ''

'' မကြောက်ပါဘူး.. ငါ နဲ့ နွေးက သူငယ်ချင်း .. ပြီးတော့ နင်နဲ့လဲ သူငယ်ချင်း ပဲလေ.. ကျောင်းတက်ထဲက အတူနေလာကြတာ.. ကြောက်ကိုမကြောက်ဘူး ''

'' ပြီးရော.. ဒါဆို ညနေ လိုက်ခဲ့ပေါ့ ''

'' ငါ နင့်အိမ်မှာ နေမယ်ဆိုရင်.. ''

'' ဒါတော့မဖြစ်ဘူး .. ငါ တစ်ယောက်ထဲနေချင်တယ် ''

'' နောက်တာပါ.. ငါက နွေးနေရာကို အစားဝင်ခဲ့ရတာပါ .. အဲတာ နွေးကိုပြောပြ ချင်တယ် ''

'' အင်း ''

'' ဒါဆို ညနေ ငါ့ကိုစောင့်ပေးနော် ''

'' အေးပါ ''

သို့နှင့် စိုးငယ် မိုးတိမ်နှင့်နွေး တို့အိမ် ရောက်ခဲ့သည်။ စိုးငယ်သိသည်က မိုးတိမ်နှင့် နွေး လက်ထပ်ပြီး တစ်ပတ်အကြာတွင် ကားမှောက်ကာ နွေး ဆုံးသွားခဲ့သည်ဟုသာ..။ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ဦးတစ်ယောက်က လာဖက်လိုက်သလို စိုးငယ်ခံစားလိုက်ရသည်။

'' နွေးလား ''

အသံတိုးတိုးလေးဖြင့် စိုးငယ်မေးမိသည်။ တစ်ဖက်မှ ဖြေသံမကြားရ။ မိုးတိမ်ကတော့ အိမ်ရောက်သည်နှင့် ဘယ်ပျောက်သွားသည်မသိ။စိုးငယ်တစ်ယောက်ထဲ။ ဧည့်ခန်းထဲမှာ ထိုင်နေမိသည်။ ထိုစဉ် စိုးငယ်နောက်မှ လူရိပ်မြင်တာကြောင့် လှည့်ကြည့်မိသည်။

'' နွေး .... ''

''............ ''

'' စိုးငယ်ထွေး ပါ နွေးရဲ့.. နွေး နေရာမှာ အစားဝင်ခဲ့ရတာလေ.. ''

'' ဘယ်လိုဖြစ်ရတာလဲသူငယ်ချင်းရယ်.. စိုးငယ်ကို ပြောပြပါလားဟင် ''

''..................... ''

စိုးငယ်ပြောနေသည်ကို လှေကားထက်နားမှာ ရပ်နေသော ပန်းနုရောင် အရိပ်လေးက ပြုံးပြုံးလေး နားထောင်နေသည်။ ပြီးလျှင်.. ပျောက်သွားလေသည်။ စိုးငယ်မှာသာ ပြေးလိုက်ရမလို ထိုင်ရမလိုနှင့် ဖြစ်နေခဲ့သည်။

'' မိုးတိမ် .. ''

အခန်းတစ်ခုထဲမှာ ထွက်ခဲ့သော မိုးတိမ်ကို လှမ်းခေါ်မိသည်။

''ဘာလဲ ... ''

'' နင်နွေးကို အဲလိုပဲထားတော့မှာလားဟာ.. ''

'' ငါ့ကို ခင်တယ်ဆိုရင်... ငါ့ကို သနားတယ်ဆိုရင် .. အဲတာတွေ မမေးပါနဲ့လား စိုးငယ်ရယ်.. ''

'' မိုးတိမ်ရယ်.. နင်တို့အဖြစ်တွေကလဲဟာ ... ''

ရင့်နင့်စွာ ဖြစ်သွားရသူက စိုးငယ်ရယ်ပါ.. ။ တစ်ယောက်က ၀ိဥာဉ်ဘ၀နှင့်ရှိနေသလို တစ်ယောက်ကလဲ မရှိတော့တဲ့ လူကိုမှ ရူးမိုက်စွာချစ်နေလေသည်။ ငါ ဘယ်လိုဖြေပေးရမှာလဲ သူငယ်ချင်းတို့ရယ်... ။ ထိုသူငယ်ချင်းနှစ်ယောက်ကြား ဘာလုပ်ရမှန်းမသိဖြစ်ကာ မျက်ရည်များဝဲလာမိသည်။

(ဇာတ်သိမ်းပိုင်းအား ဆက်လက်စောင့်မျှော်အားပေးပါရန်)
ကြိုးစားပါအုံးမည်။
လွမ်းဆုလေး
 
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်