ငါ့ရင်ကို ဖွင့်မကြည့်ချင်ပါနဲ့
ငါ့ရင်ကို မြင်လိုဇောနဲ့ ခွဲမပစ်ချင်နဲ့
ငါ့ရင်မှာ ဘာတွေရှိလဲဆိုတာ မသိချင်ပါနဲ့
ငါ့ရင်မှာ ရှိသမျှကို မလေ့လာချင်ပါနဲ့ ...
မင်းအတွက်ပေးတဲ့ ပျော်စရာတွေကိုယူ
ကြည်နူးစရာကောင်းတဲ့ အချစ်တွေနဲ့
ခံစားချက်နုနုလေးအတိုင်း
အပူပင်မဲ့စွာ လျှောက်လှမ်းပါ။
နာကျင်စရာများလွန်းတဲ့ ဒီအလွမ်းတွေ
အထီးကျန်ဆန်ခြင်းတွေ
မျက်ရည်တွေ ၀မ်းနည်းမှုတွေကို
ငါ့ရင်က အခန်းငယ်တစ်ခုမှာ
သော့ခတ်သိမ်းထားပါရစေ။
မင်းသွားမယ့်လမ်းမှာ ကြေကွဲမှုတွေတွေ့လာရင်
နာကျည်းစရာတွေတွေ့လာရင်
ငိုကြွေးစရာတွေဖြစ်လာရင် ..
အထီးကျန်ခြင်းတွေ ဖြစ်လာခဲ့ရင်
ငါ့ကို တမ်းတပါ..
ငါအပြေးရောက်လာခဲ့မယ်။
မင်းအတွက် အရိပ်တစ်ခုလို လိုက်
ဖြစ်လာသမျှ ဖြေရှင်း
အခက်ခဲတိုင်းကို ကူညီရင်း
မင်းသွားမယ့် ပန်းတိုင်အရောက်
ငါ လိုက်ပို့ပါ့မယ်..
ငါ့ရင်ကို မြင်လိုဇောနဲ့ ခွဲမပစ်ချင်နဲ့
ငါ့ရင်မှာ ဘာတွေရှိလဲဆိုတာ မသိချင်ပါနဲ့
ငါ့ရင်မှာ ရှိသမျှကို မလေ့လာချင်ပါနဲ့ ...
မင်းအတွက်ပေးတဲ့ ပျော်စရာတွေကိုယူ
ကြည်နူးစရာကောင်းတဲ့ အချစ်တွေနဲ့
ခံစားချက်နုနုလေးအတိုင်း
အပူပင်မဲ့စွာ လျှောက်လှမ်းပါ။
နာကျင်စရာများလွန်းတဲ့ ဒီအလွမ်းတွေ
အထီးကျန်ဆန်ခြင်းတွေ
မျက်ရည်တွေ ၀မ်းနည်းမှုတွေကို
ငါ့ရင်က အခန်းငယ်တစ်ခုမှာ
သော့ခတ်သိမ်းထားပါရစေ။
မင်းသွားမယ့်လမ်းမှာ ကြေကွဲမှုတွေတွေ့လာရင်
နာကျည်းစရာတွေတွေ့လာရင်
ငိုကြွေးစရာတွေဖြစ်လာရင် ..
အထီးကျန်ခြင်းတွေ ဖြစ်လာခဲ့ရင်
ငါ့ကို တမ်းတပါ..
ငါအပြေးရောက်လာခဲ့မယ်။
မင်းအတွက် အရိပ်တစ်ခုလို လိုက်
ဖြစ်လာသမျှ ဖြေရှင်း
အခက်ခဲတိုင်းကို ကူညီရင်း
မင်းသွားမယ့် ပန်းတိုင်အရောက်
ငါ လိုက်ပို့ပါ့မယ်..
0 comments:
Post a Comment