အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း

ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း

Written By MyanmarChnnel@ on Friday, February 28, 2014 | 6:28 PM

From : ..mwdmedia

''တို့ ဘုရား သာသနာမှာ လက်ဝဲတော်ရံ၊ လက်ယာတော်ရံဆိုတာ မရှိဘူးလား''

"ရှိပါတယ်ဘုရား"

လက်ဝဲတော်ရံဆိုတာ..

"တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါဘုရား"

လက်ယာတော်ရံဆိုတာ..

"ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါဘုရား"

ဟုတ်ပြီဗျာ.. တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ...တန်ခိုးဆိုတာ အာသဝေါတရားတို့ ရဲ့  ကုန်ရာခန်းရာ အရဟတ္တဓဇ၊ အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။

ပညာဆိုတာကတော့ ၀ိပဿနာပညာ၊မဂ်ပညာ၊ ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ မဟုတ်လား။
ပုထုဇဉ်တို့ ရဲ့ စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီးတစ်သံသရာလုံး ဆန်းတယ် ထင်တာတွေနောက်လိုက်ခဲ့ကြတယ်။ ရိုင်းရိုင်းပြောရရင်လမ်းဘေးက မျောက်ပွဲ၊ မျက်လှည့်ပွဲကအစ ဆန်းတယ် ထင်တာ မှန်သမျှမှာလူတွေမေ့မျော သာယာနေတတ်ကြတယ်။

ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြားဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာ ကွယ်မှာပဲ၊မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။ သာသနာကွယ်ပြီ ဆိုတာနဲ့ သတ္တ၀ါတွေရဲ့ သံသရာ ၀ဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာ တရားတွေလည်း ကွယ်တာပဲ။

ယောဂီတို့  တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ လက်ဝဲလက် ကို အောက် က လက်ယာလက်ကို အပေါ်က ထားရတာလည်းဒီသဘောပဲ။ လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထားဆင့်ထားရတယ်။ တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။ သမထ တန်ခိုးကိုသာ ပြလိုက်လို့ ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။

ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။ တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။ ၀ိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ ကျင့်ကြံအားထုတ် ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။

တန်ခိုးလောက်နဲ့ တင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်ဘူး။

ဒါ့ကြောင့်တန်ခိုးဆိုတာ ဖုံးထားအပ်သောအရာ၊ ပညာသာလျှင် အမြဲအစဉ် ဖွင့်ထား အပ်သောအရာ၊ ဖော်ထား အပ်သော အရာ၊ ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့ လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးထားရတယ်။

ပညာကိုကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့ ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဆရာမောင်သွေးချွန်စုစည်းသော ဘာ့ကြောင့် ၁+၂ ပေါင်းချုပ်
စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်၊)


"... ရဟန်း၊)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်