အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » သမီးတစ်ယောက်၏ တမ်းတမှု

သမီးတစ်ယောက်၏ တမ်းတမှု

Written By MyanmarChnnel@ on Friday, January 10, 2014 | 8:54 PM


မိဘနှစ်ပါးနှင့် အသိုက်မြိုက်စုံစွာ
နေချင်ပေမယ့် အတိတ်ဘ၀ကံ
မလှခဲ့လေတော့ ......

အတောင်တစ်ဖက်ကျိုးတဲ့ ငှက်
ခုံလောက်နှစ်ချောင်းတည်းနဲ့ တည်တဲ့အိုး
ခြေတစ်ချောင်းကျိုးနေတဲ့ အပြေးသမား
မျက်စိစုံကန်း နားစုံလုံးကန်းတဲ့ လူတစ်ယောက်လို
သမီးဘ၀ အဘက်ဘက်က မျက်နှာငယ်ခဲ့ရသူပါ။

သမီးကောင်းသမီးမွန် ဖြစ်စေချင်တဲ့ အမေ့ဆန္ဒ
ပြည့်ဝအောင် ကြိုးစားရင်းနဲ့
ဘ၀သက်တမ်း တစ်ပုံထိတော့ ကျိုးခဲ့ပါပြီ။

ပန်းတိုင်မရောက်သေးတဲ့ ဘ၀လေးမှာ
တော်သလိုနေ ဖြစ်သလို စားခဲ့ပေမယ့်
သမီးမွန်အဖြစ်ကို အစွန်းထင်းတော့ မခံခဲ့ပါဘူး။

ရောက်ရာနေရာ ကျရာမြေမှာ
ပြန်ပေါက်နိုင်တဲ့ ရွက်ကျပင်ပေါက်လို
သမီးဘ၀ သင့်ရာနေရာက ပြန်ထနိုင်ဖို့
အတတ်ပညာ စုံလင်စွာလည်း သင်ယူပြီးပါပြီ။

သမီးအနားမှ ဘ၀ခြားသို့
ကူးပြောင်းခဲ့သော မွေးမေမေနှင့်
သက်ရှိထင်ရှား ဖေဖေတို့အား
ဒီစာစုနှင့်တကွ တိုင်တည်ရင်းနှင့် ...

သမီးတစ်ယောက်၏ တမ်းတမှုကို
မြင်တွေ့ပါစေ ...

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်