အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ကင်ဆာရောဂါ တစေ့တစောင်း (၄ )

ကင်ဆာရောဂါ တစေ့တစောင်း (၄ )

Written By MyanmarChnnel@ on Sunday, January 12, 2014 | 7:14 PM

သားအိမ်ခေါင်းကင်ဆာ

အမျိုးသမီးများအနေဖြင့် အလွန်ပင်အရေးကြီးသော ရောဂါဖြစ်ပါတယ် ။ အသိနောက်ကျရင်အသက် အန္တရာယ် အထိဒုက္ခပေးတက်သော ရောဂါဆိုးတစ်ခုလည်းဖြစ်ပါတယ်။ ရောဂါဖြစ်ပေါ်စေသည့် အကြောင်း အရာများမှာ လိင်ဆက်ဆံမှု့ များပြားခြင်း ၊ ငယ်ငယ်ရွယ်ရွယ်အခါတွင် လိင်ဆက်ဆံခြင်းများပြု့ လုပ်ခဲ့ခြင့်း ၊ လိင်အင်္ဂါတွင် ကြွက်နို့ဖြစ်ခဲ့ဖူးခြင်း ၊ကလေး အများအပြားဖွေးဖွားခြင်း ၊သန္ဓေတားဆေး အကြိမ်များ စွာသောက်ဖူးခဲ့ခြင်း ၊ သားမြုံသူဖြစ်ခြင်း ၊ အဆီအဆိမ့်အစားများခြင်းနှင့် အဝလွန်နေခြင်း ၊ဆေး လိပ်သောက်ခြင်းများပြားခြင်း နှင့် နာတာရှည်ဖောလစ်အက်စစ် ချို့ တဲ့မှု ဖြစ်ခြင်း တို့ ကြောင့်ဖြစ်ပါတယ် ။

ရောဂါစဖြစ်ချိန် ကနဦးအချိန်များတွင် ရောဂါလက္ခဏာအနေဖြင့်မပြပါ ။ အဖြူအနီ ဆင်းခြင်းကဲ့ သို့ သမ ရိုးဖြစ်စဉ်လို့ မဟုတ်ဘဲ အရိအရွဲအနေဖြင့် ဆင်းခြင်း ဖြစ်ပေါ်လာခြင်း ၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း ၊ဓမ္မတာလာစဉ် သွေးများစွာဆင်းသည့်လများစွာ များပြားလာခြင်း ၊လိင်ဆက်ဆံပြီးသည့် အခါတွင် နာကျင်ပြီး သွေးဆင်းခြင်း တို့ ဖြစ်ပေါ်သူဖြစ်နေပါက ရောဂါဖြစ်နိုင်ပါတယ် ဒါကြောင့် ပကပ်စမီးယားခေါ် သားအိမ်ခေါင်းမှ အရိရွဲများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီးအစောအလျင်ပြသကုသသင့်ပါတယ် ။

အထူးသတိထားရမည်မှာ အမျိုးသမီးတစ်ယောက်တွင် မီးယပ်သွေးဆုံးချိန်တွင်သွေးဆုံးပြီးဖြစ်သောလည်း လမကြာမီ ဓမ္မတာပြန်လည်ပေါ်လာခြင်းတို့ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဆရာဝန်ထံတွင် အချိန် မနှောင်းဘဲ ပြသကုသသင့်ပါတယ် ။

ကျန်းမာရေး အသိနည်းသူများတွင် အလုပ်ကိုင်များပြားခြင်းနှင့် တိုင်းရင်းဆေးအပူသောက်သုံးခြင်းနှင့် အစားသောက်များကြောင့် ပြန်လည်ဖြစ်ပေါ်လာပါတယ်လို့ ယူဆပြီး လအတန် ကြာမှ နှစ်အပို်င်းခြား သို့ ရောက်ရှိလာခဲ့ပါလျှင် သားအိမ်ဆိုင်ရာ ရောဂါအနေအထားမှာ ကုသခွင့်သက်သာခွင့် အခွင့်အရေးများ ဆုံးရှုံးပြီး လူအသက်ကိုအန္တရာယ်ပြုနိုင်ကြောင်း အထူးအသိပေးလိုပါသည် ။

အမျိုးသမီးတစ်ယောက်ဖြစ်သူတိုင်း မဖြစ်မနေ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို စစ်ဆေးထိုး သင့်ပါကြောင်း အသိပေးတင်ပြရင်း ကင်ဆာဆိုသည့်ရောဂါဆိုး ကင်းဝေးကြပါစေ …..

Mg Mandalay
By :  ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်