အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အရိယာပုဂ္ဂိုလ်စစ်တမ်း-နှင့် ဈာန်နှင့်ကမ္မဋ္ဌာန်း တွဲစပ်ပုံ

အရိယာပုဂ္ဂိုလ်စစ်တမ်း-နှင့် ဈာန်နှင့်ကမ္မဋ္ဌာန်း တွဲစပ်ပုံ

Written By MyanmarChnnel@ on Sunday, January 12, 2014 | 7:23 PM


စစ်ဆေးဆုံးဖြတ်မည့်ဆရာတော်သည် ဈာန်, မဂ်, ဖိုလ်-စသည်တို့တွင် တစ်ပါးပါးကို ရပြီဟု ပြောဆိုသောပုဂ္ဂိုလ်ကို အောက်ပါအချက်အလက် (၆)ချက်တို့ဖြင့် စစ်ဆေးမေးမြန်းရမည်။

၁။ သင်သည် အဘယ်တရားကို ရသနည်း? ဈာန်ကိုရသလား? မဂ်ကိုရသလား? ဤသို့ ရအပ်သောတရားကို၎င်း

၂။ အနိစ္စ, ဒုက္ခ, အနတ္တ-လက္ခဏာသုံးပါးတို့တွင် အဘယ်လက္ခဏာကို ပဓာနပြု၍ ရသနည်း? …. (တနည်း)
သမထ, ၀ိပဿနာ-နှစ်မျိုးတို့တွင် အဘယ်ကိုနှလုံးသွင်း၍ ရသနည်း?
ရုပ်, နာမ်-နှစ်မျိုးတို့တွင် အဘယ်ကိုနှလုံးသွင်း၍ ရသနည်း?
အဇ္ဈတ္တ,ဗဟိဒ္ဓ-နှစ်မျိုးတို့တွင် အဘယ်ကိုနှလုံးသွင်း၍ ရသနည်း? ဤသို့ တရားရခြင်း၏အကြောင်းကို၎င်း

၃။ ထိုရသော ဈာန်, မဂ်, ဖိုလ်-တရားကို နံက်,နေ့လည်,ည-စသည်တို့တွင် အဘယ်အချိန်မှာ ရသနည်း? ဤသို့ အချိန်ကို၎င်း

၎။ ထိုရသော ဈာန်, မဂ်, ဖိုလ်-တရားကို ညဥ့်နေရာ, နေ့နေရာ, သစ်ပင်ရင်း, အိမ်, မဏ္ဍပ်, ကျောင်းတို့တွင် အဘယ်အရမှာ ရသနည်း? ဤသို့ အရပ်ကို၎င်း

၅။ အဘယ်ကိလေသာတို့ကို ပယ်ပြီးဖြစ်သနည်? ဤသို့ ပယ်အပ်ပြီးသော ကိလေသာတို့ကို၎င်း

၆။ ဈာန်ရသည်ဆိုလျှင် -
အဘယ်ဈာန်ကို ရသနည်း?
အဘယ်ကမ္မဋ္ဌာန်းကို အာရုံပြု၍ ရသနည်း?
မဂ်ကိုရလျှင်-
သောတာပတ္တိမဂ်-စသည်တို့တွင် အဘယ်မဂ်ကိုရသနည်း? ဤသို ရအပ်သော တရားထူးကို၎င်း ခွဲခြားမေးမြန်းရမည်။

ထိုအချက်(၆)ချက်ကိုဖြေဆိုနိုင်သော်လည်း ထိုပုဂ္ဂိုလ်၏စကားကို မယုံကြည်ထိုက်သေးပါ၊ ထိုပုဂ္ဂိုလ်ကို အရိယာ, ရဟန္တာ-ဟု မဆုံးဖြတ်ထိုက်သေးပါ။ အကြောင်းကား… ထိုပုဂ္ဂိုလ်သည် ဗဟုသုတရှိပြီး ပါဠိတော်, အဋ္ဌကထာ, ဋီကာ-တို့၌ ကျွမ်းကျင်လိမ္မာသဖြင့် ဤ(၆)ချက်တို့ကို ဖြေဆိုသုတ်သင်ခြင်းငှါ စွမ်းနိုင်သောကြောင့် ဖြစ်၏။

ကျမ်းကိုး(၀ိ၊ဋ္ဌ၊၂။၈၁/၈၂/၈၃။)ကို ဆီလျှော်အောင်မြန်မာပြန်ဆိုသည်…။

ဈာန်နှင့်ကမ္မဋ္ဌာန်း တွဲစပ်ပုံ-
ပထမဈာန်ကိုရလိုလျှင်… ကသိုဏ်းပညတ်(၁၀)ပါး၊ အသုဘပညတ်(၁၀)ပါး၊ ကာယဂတာသတိ၊ အာဏာပါနသတိ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ-ဟူသော (၂၅)ပါးသော ကမ္မဋ္ဌာန်းတို့ကို ရှုမှတ်ပွားများရမည်။

ဒုတိယဈာန်,တတိယဈာန်,စတုတ္ထဈာန်-တို့ကိုရလိုလျှင်… ကသိုဏ်းပညတ်(၁၀)ပါး၊ အာဏာပါနသတိ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ-ဟူသော (၁၄)ပါးသော ကမ္မဋ္ဌာန်းတို့ကို ရှုမှတ်ပွားများရမည်။

ပဉ္စမဈာန်ကိုရလိုလျှင်… ဥပေက္ခာ၊ ကသိုဏ်းပညတ်(၁၀)ပါး၊ အာဏာပါနသတိ-ဟူသော (၁၂)ပါးသော ကမ္မဋ္ဌာန်းတို့ကို ရှုမှတ်ပွားများရမည်။

မှတ်ချက်// ရှုမှတ်ပွားများပုံနည်းစနစ်တို့ကို အခါအားလျော်စွာ တင်ပြပေးပါမည်။

အားလုံးသောဓမ္မမိတ်ဆွေအပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာနှင့်ပြည့်စုံ၍ ဒီဘ၀မှာပဲ မှန်ကန်သောအကျင့်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာမျက်မှောက်ပြုနိုင်ကြပါစေ….။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်