အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » Google Drive မှ Upload လုပ်နည်း

Google Drive မှ Upload လုပ်နည်း

Written By MyanmarChnnel@ on Saturday, January 18, 2014 | 5:00 AM

Google Drive ဆိုတာနဲ့ Google ရဲ့ feature ဖြစ်မယ်ဆိုတာကို အားလုံးပဲ သိကြလိမ့်မယ်ထင်ပါတယ်။ Google အကောင့်တစ်ခုတည်း ရှိယုံဖြင့် အခုအချိန်မှာ အားလုံးလုပ်လို့ အဆင်ပြေပြီလို့တောင် ပြောလို့ရပါတယ်။ google ရဲ့ product အားလုံးဟာ gmail အကောင့် တစ်ခုရှိယုံမျှဖြင့် ၀င်ရောက်အသုံးပြုလို့ရနိုင်ပါတယ်။ ခု android တွေမှာလဲ google account ကို ရှိကို ရှိထားမှသာလျှင် google store ကနေ application တွေကို Download လုပ်လို့ရမှာပါ။ အရင်တုံးက email ဆိုတာနဲ့ hotmail လောက်ပဲ သိပြီး သုံးတဲ့ နိုင်ငံခြားသားတွေ တစ်ပုံကြီးပါ။ အဲ့ဒီ့လူတွေလည်း ခုချိန်မှာ gmail ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ။ ခု နောက်ပိုင်း gtalk ကို google က ချမပေးတော့ဘဲ google talk ဆိုသည့် အမည်အစား hangouts ဆိုတဲ့ နာမည်နဲ့ update version ကို ထုတ်ပေးလိုက်ပါတယ်။ နောက်ပိုင်းဆိုရင် gtalk သုံးလို့ရတော့မှာ မဟုတ်ပါဘူး။ blogspot old version နဲ့ new version ကို ကာလအတန်ကြာအထိ စောင့်ပြီးမှ ပြောင်းခဲ့သလိုပါပဲ။ ခုလည်းပဲ သိပ်မကြာခင်အချိန်မှာ gtalk ကို ဖျက်သိမ်းပါလိမ့်မယ်။ ခု ကျနော်ပြောချင်တာကတော့ Google drive အကြောင်းပါ။ တင်ရတာမြန်သလို Download လုပ်တဲ့သူတွေအတွက်လည်း အရမ်းကို အဆင်ပြေစေပါတယ်။ အဲတစ်ခုပဲ သတိထားရမှာပါ ကျနော်တို့အနေနဲ့ ဖိုင်တွေ တင်မယ်ဆိုရင် crack တွေ keygen တွေ ပါလာရင်တော့ တစ်ချို့သော crack, patch တွေကို လက်မခံပဲ ပယ်ချလေ့ရှိပါတယ်။ ဒါပေမယ့်မဖြစ်မနေ တင်ချင်ရင်တော့ နည်းလမ်းတွေရှိပါတယ်။ ပြောပြပါ့မယ်။ ဒီနေ့တော့ google drive ကနေ link ထုတ်နည်း တင်နည်းကို ပြောပြပေးပါ့မယ်။

www.drive.google.com ကို ၀င်ပါ
My Drive ကို နှိပ်ပါ (ပုံ-၁)
Create ကိုနှိပ်ပြီး Folder ကို ရွေးပေးပါ။ (ပုံ-၂)
Folder နာမည်ကို မိမိကြိုက်နှစ်သက်ရာ တစ်ခုခုပေးလိုက်ပါ။ (ပုံ-၃)
အဆိုပါ Folder ကို နှိပ်ပြီး ဖွင့်လိုက်ပါ။ (ပုံ-၄)
ဖိုင်တင်ရန် ပုံထဲတွင်ပြထားသလို မြားအပေါ်ထောင်နေတဲ့ upload ပုံကို နှိပ်ပြီး File ကိုရွေးပါ ပြီးလျှင် မိမိကွန်ပျူတာထဲရှိ ဖိုင်ကိုတင်လိုက်ပါ။ (ပုံ-၅)
ဖိုင်တင်လို့ပြီးသွားရင် အဆိုပါဖိုင်ကို ထည့်ထားသော မူရင်း Folder ကို အမှန်ခြစ်ပေးပြီး အပေါ်က More ကို နှိပ်ကာ Share ကို ရွေးပေးလိုက်ပါ။
ပြီးလျှင် change ကိုနှိပ်ပြီး Public on the web ဆိုတာကို ရွေးပေးပါ။
ပြီးလျှင် တင်ထားသည့်ဖိုင်ကို မြင်တွေ့နိုင်ရန် ဖွင့်လိုက်ပါ
တင်ထားသည့်ဖိုင်ကို တွေ့လျှင် ပထမနည်းအတိုင်း more ကိုနှိပ်ပါ ပြီးလျှင် Details ကို ရွေးပေးလိုက်ပါ
ဒါဆိုရင် ညာဖက်အခြမ်းမှာ အဲ့ဖိုင်ရဲ့ download link ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ထပ် တစ်နည်းရှိပါသေးတယ် အဲ့ဒါက မနက်ဖြန်ကျမှ နောက်တစ်နည်း Download link ထုတ်တဲ့နည်း တင်ပေးပါ့မယ်။

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် 
ဒီမှာ Like နှိပ်ပါ   ဒေါင်းနည်းများမသိပါက ဒီမှာ
 သွားကြည့်ပေးပါခင်ဗျာ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခဗျာ....
အားလုံးအဆင်ပြေပါစေနော်..(လွမ်းဆောင်း)













Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်