မချစ်တတ်သေးတဲ့ ငါ့နှလုံးသားကို
အချစ်များစွာနင်ပေး
တိမ်းညွှတ်လာမှ လက်ပြခဲ့တယ်။
အချစ်အကြောင်း နားမလည်သေးတဲ့
ငါ့ရင်ခွင်မှာတော့ အလွမ်းမြို့များစွာကိုဖြတ်သန်း
နင် ပြန်လာမယ့်နေ့ စောင့်နေခဲ့တယ်။
နာကျင်စွာ အချိန်များစွာကိုဖြတ်သန်း
ဒဏ်ရာတစ်ခြမ်းနဲ့ မင်း လာတဲ့လမ်းကို
မျှော်ကြည့်မိတယ်။
ဒီလိုပဲ နင် အဆုံးသတ်ခဲ့ပေမယ့်
အတိတ်ဆိုတဲ့ အရိပ်တွေနောက်ကွယ်မှာ
ငါ ချစ်နေဆဲ တွေ့ချင်နေဆဲပါပဲ ...
စိတ်ကူးတစ်ခုနဲ့ ရူးရမယ့်
စိတ်ကူးထဲက ချစ်သူဆိုတာကို
မလိုချင်ပေမယ့်
စိတ်ကူးနဲ့ ချစ်နေရအောင်
နင် ဖန်တီးသွားခဲ့တယ် ချစ်သူရယ် ..
လွမ်းဆုလေး
အချစ်များစွာနင်ပေး
တိမ်းညွှတ်လာမှ လက်ပြခဲ့တယ်။
အချစ်အကြောင်း နားမလည်သေးတဲ့
ငါ့ရင်ခွင်မှာတော့ အလွမ်းမြို့များစွာကိုဖြတ်သန်း
နင် ပြန်လာမယ့်နေ့ စောင့်နေခဲ့တယ်။
နာကျင်စွာ အချိန်များစွာကိုဖြတ်သန်း
ဒဏ်ရာတစ်ခြမ်းနဲ့ မင်း လာတဲ့လမ်းကို
မျှော်ကြည့်မိတယ်။
ဒီလိုပဲ နင် အဆုံးသတ်ခဲ့ပေမယ့်
အတိတ်ဆိုတဲ့ အရိပ်တွေနောက်ကွယ်မှာ
ငါ ချစ်နေဆဲ တွေ့ချင်နေဆဲပါပဲ ...
စိတ်ကူးတစ်ခုနဲ့ ရူးရမယ့်
စိတ်ကူးထဲက ချစ်သူဆိုတာကို
မလိုချင်ပေမယ့်
စိတ်ကူးနဲ့ ချစ်နေရအောင်
နင် ဖန်တီးသွားခဲ့တယ် ချစ်သူရယ် ..
လွမ်းဆုလေး
0 comments:
Post a Comment