* တိရစ္ဆာန်အလှူ၊ အကျိုးမူ၊ ရယူ ဆတစ်ရာ။
တိရစ္ဆာန်တစ်ကောင်ကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး တစ်နပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် အဲဒီအလှူရှင်မှာ ဘဝတစ်ရာ အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား ငါးပါး ရပါတယ်။
တိရစ္ဆာန်တစ်ကောင်ကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး တစ်နပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် အဲဒီအလှူရှင်မှာ ဘဝတစ်ရာ အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား ငါးပါး ရပါတယ်။
* သီလမဲ့လှူ၊ အကျိုးမူ၊ ရယူ တစ်ထောင်သာ။
ဘာသီလမှ မရှိတဲ့ လူဆိုး သူခိုး တစ်ယောက်ကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး တစ်နပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် အဲဒီအလှူရှင်မှာ ဘဝတစ်ထောင် အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား ငါးပါး ရပါတယ်။
* သီလရှိလှူ၊ အကျိုးမူ၊ ရယူ တစ်သိန်းပါ။
သီလရှိတဲ့ အလှူခံ တစ်ယောက်ကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး တစ်နပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် အဲဒီအလှူရှင်မှာ ဘဝတစ်သိန်း အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား ငါးပါး ရပါတယ်။
* ဈာန်ရလှူလေ၊ အကျိုးတွေ၊ ကုဋေ တစ်သိန်းပါ။
သာသနာပမှာ ဈာန်ရတဲ့ပုဂ္ဂိုလ်တစ်ယောက်အား
စေတနာသုံးတန် ပြဋ္ဌာန်းပြီး တစ်နပ်စာ ဝအောင်ကျွေးမွေးလိုက်ရင်
အဲဒီအလှူရှင်မှာ ဘဝတစ်သိန်း အသက်ရှည်ခြင်း, အဆင်းလှခြင်း,
ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ်ပညာကြီးခြင်း ဆိုတဲ့
အကျိုးထူးတရား ငါးပါး ရပါတယ်။
* သောတာလောင်းလှူ၊ အကျိုးမူ၊ ရယူ သင်္ချေပါ။
သောတာပန်လောင်း အလှူခံတစ်ယောက်အား စေတနာသုံးတန် ပြဋ္ဌာန်းပြီး တစ်နပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် အဲဒီအလှူရှင်မှာ ဘဝအသင်္ချေ အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, ခွန်အားကြီးခြင်း, ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုးထူးတရား ငါးပါး ရပါတယ်။
0 comments:
Post a Comment