သန်းခေါင်ယံညတစ်ခုဆီက
အလင်းရောင်ကို မင်းမြင်နေတဲ့ချိန်မှာ
ငါ့ရင်တစ်ခုလုံး မီးစာတစ်ခုလို
ကျွမ်းလောင်နေခဲ့ပြီ ချစ်သူ .. ။
လှေကားထစ်များလို တစ်ထစ်ချင်း
ငါ့ရင်ကို နင် နင်းလျှောက်ခဲ့လဲ
ငါ ကျေနပ်စွာ ကြည်ဖြုနေခဲ့မိတယ်။
ငါ့ ရဲ့အသဲတွေကို ချိုမြိန်စွာသောက်သုံး
ငါ့အချစ်တွေကို လိုအပ်သလို မင်းအသုံးချနိုင်တယ် ...
မင်းအတွက် ပေးဆပ်တဲ့ ဒီပေးဆပ်မှုက
မင်းတစ်ယောက်ထဲအတွက် ထာဝရဖြစ်နေမှာပါ။
အနီးဆုံးမဟုတ်ပေမယ့် အဝေးဆုံးကို
ထွက်မသွားနိုင်ခဲ့သူ ငါ ...
အချစ်ကြီးသူက ရှုံးမယ်မှန်း သိသိကြီးနဲ့
နင် ရှေ့မှောက် ငါ ....
ဒူးထောက်နေခဲ့တယ် ။
ငါ့ပါးပြင်ထက်က ပူနွေးနေတဲ့
စမ်းချောင်းငယ်လေးတစ်ခုက
အလွမ်းကို သက်သေပြုရင်း
ဟိုအရင်လို မပြောင်းလဲ
ငါ ချစ်နေဆဲပါပဲ ချစ်သူရာ.. ။
လွမ်းဆုလေး
အလင်းရောင်ကို မင်းမြင်နေတဲ့ချိန်မှာ
ငါ့ရင်တစ်ခုလုံး မီးစာတစ်ခုလို
ကျွမ်းလောင်နေခဲ့ပြီ ချစ်သူ .. ။
လှေကားထစ်များလို တစ်ထစ်ချင်း
ငါ့ရင်ကို နင် နင်းလျှောက်ခဲ့လဲ
ငါ ကျေနပ်စွာ ကြည်ဖြုနေခဲ့မိတယ်။
ငါ့ ရဲ့အသဲတွေကို ချိုမြိန်စွာသောက်သုံး
ငါ့အချစ်တွေကို လိုအပ်သလို မင်းအသုံးချနိုင်တယ် ...
မင်းအတွက် ပေးဆပ်တဲ့ ဒီပေးဆပ်မှုက
မင်းတစ်ယောက်ထဲအတွက် ထာဝရဖြစ်နေမှာပါ။
အနီးဆုံးမဟုတ်ပေမယ့် အဝေးဆုံးကို
ထွက်မသွားနိုင်ခဲ့သူ ငါ ...
အချစ်ကြီးသူက ရှုံးမယ်မှန်း သိသိကြီးနဲ့
နင် ရှေ့မှောက် ငါ ....
ဒူးထောက်နေခဲ့တယ် ။
ငါ့ပါးပြင်ထက်က ပူနွေးနေတဲ့
စမ်းချောင်းငယ်လေးတစ်ခုက
အလွမ်းကို သက်သေပြုရင်း
ဟိုအရင်လို မပြောင်းလဲ
ငါ ချစ်နေဆဲပါပဲ ချစ်သူရာ.. ။
လွမ်းဆုလေး
0 comments:
Post a Comment