အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » Android ဖုန်းထဲသို့ ကွန်ပျူတာမှတစ်ဆင့် ဖုန်းဆော့ဝဲသွင်းနည်း

Android ဖုန်းထဲသို့ ကွန်ပျူတာမှတစ်ဆင့် ဖုန်းဆော့ဝဲသွင်းနည်း

Written By MyanmarChnnel@ on Saturday, March 29, 2014 | 5:37 AM

Android ဖုန်း/Tablet စတင်သုံးစွဲတဲ့ Users တွေအတွက် Android ဖုန်း/Tablet ထဲသို့ application,game သွင်းပုံသွင်းနည်းကို Step by Step Tutorials အနေနဲ့ရှင်းပြပေးလိုက်ပါတယ်။
အရင်ဆုံး ကွန်ပျူတာကနေ ဖုန်းထဲကို app,game သွင်းဖို့ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ WonderShare Mobile Go ဆော့ဝဲကိုအောက်က link မှာရယူလိုက်ပါ။
အပေါ်မှာပေးထားတဲ့ WonderShare Mobile Go ဆော့ဝဲကို ကွန်ပျူတာထဲကိုသွင်းပြီးသွားပြီဆိုရင်တော့ အခုသွင်းလိုက်တဲ့ WonderShare Mobile Go ဆော့ဝဲကိုဖွင့်လိုက်ပါ။ ( ကျွန်တော်တင်ပေးထားတဲ့ Wondershare Mobile Go ဆော့ဝဲကို full version ဖြစ်ဖို့အတွက် တင်ပေးထားတဲ့ zip ဖိုင်ထဲမှာ crk ဆိုတဲ့ ဖိုင်လေးပါပါတယ်။ အဲဒီထဲက .dll ဖိုင်လေးကို ကွန်ပျူတာထဲက C:Program FilesWondershareMobileGo for Android ဖိုဒါအောက်မှာသွားကူးထည့်ပေးလိုက်ရင် Wondershare Mobile Go ဆော့ဝဲက full version ဖြစ်သွားပါပြီ )
ပြီးရင် ဖုန်းရဲ့ USB Debugging Setting ကို On ပေးထားရမှာဖြစ်ပါတယ်။

-Android version 2.0 မှ 2.3.6 အထိဖုန်းများကို USB Debugging On နည်းကတော့ Setting > Application > Development > USB Debugging ကိုအမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ်။

-Android version 4.0 နှင့်အထက်ဖုန်းများကို USB Debugging On နည်းကတော့ Setting > Developer Options > USB Debugging ကိုအမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ်။

-ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ (USB ကြိုးဖြင့်) ချိတ်ဆက်လိုက်ပါ။ ချိတ်ဆက်လိုက်တယ်ဆိုရင် အောက်ကပုံထဲကအတိုင်း မိမိဖုန်းရဲ့ screen နဲ့ပေါ်လာပါမယ်။ ပေါ်လာပြီဆိုရင် app,game သွင်းဖို့အတွက် အောက်ပုံမှာပြထားတဲ့အတိုင်း Apps ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။
(ပထမဆုံးစတင်ချိတ်ဆက်တဲ့ဖုန်းဆိုရင်တော့ ဖုန်း driver သွင်းတဲ့အချိန်ပါထည့်တွက်ရင် တစ်မိနစ်ခန့်ကြာပြီးမှ အောက်က screen မျိုးပေါ်လာမှာပါ)


ဖုန်းထဲသို့ဆော့ဝဲသွင်းရန် “Install” ဆိုသောခလုတ်ကိုနှိပ်ပါ။


ပြီးလျှင် ကွန်ပျူတာထဲတွင် အသင့် download လုပ်ထားသော android ဆော့ဝဲဖိုင် (apk ဖိုင်) ကိုရွေးပေးပါ။ ပြီးလျှင် Open ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။


မိမိရဲ့ဖုန်းထဲသို့ ဆော့ဝဲစတင်သွင်းနေပြီကို မြင်ရပါမယ်။ အောက်ပုံအတိုင်းပါ။


သွင်းပြီးသွားပြီဆိုရင်တော့ အောက်ပုံထဲကအတိုင်းမြင်ရပါမယ်။


ကဲ… အခုဆိုရင်တော့ မိမိရဲ့ဖုန်းထဲမှာ အခု ကွန်ပျူတာကနေ သွင်းလိုက်တဲ့ software လေးရောက်ရှိနေပြီဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
အရင်တစ်ခါတုံးကလည်းကျွန်နော် တင်ပေးဖူးပါတယ်နော်..ဒီမှာ သွားကြည့်လို့ လည်းရတယ်
အခုကတော့လုပ်နည်းလေးနဲ့ တွဲပြီးတင်ပေးထားပါတယ်..ကျွန်နော်.မအားလို့  သူငယ်ချင်းဆိုဒ်ကနေ
ပြန်လည်မျှဝေပေးလိုက်တာပါ.
အားလုံးအဆင်ပြေပါစေ.......။.အလွမ်းများရဲ့ ဆောင်ပုဒ်ဆိုဒ်လေးမှာ
 အသစ်တင်သမျှ fb ကဖတ်ချင်တယ်ဆိုရင်တော့ pages လေးကိုနိုပ့်လိုက်ပါ....အားလုံးအဆင်ပြေပါစေ......

                                                                      လွမ်းဆောင်း
                                                           www.lwansulay.com
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်