အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အလုပ်ဖြုတ်ခံရသော ထိုင်းရောက် မြန်မာလုပ်သား တစ်ထောင်ကျော် ကန်ဒေါ်လာ တစ်သန်းကျော် လျော်ကြေးရ

အလုပ်ဖြုတ်ခံရသော ထိုင်းရောက် မြန်မာလုပ်သား တစ်ထောင်ကျော် ကန်ဒေါ်လာ တစ်သန်းကျော် လျော်ကြေးရ

Written By MyanmarChnnel@ on Thursday, March 27, 2014 | 3:57 AM

အလုပ်ဖြုတ်ခံရသော ထိုင်းရောက် မြန်မာလုပ်သား တစ်ထောင်ကျော် ကန်ဒေါ်လာ တစ်သန်းကျော် လျော်ကြေးရ    ရန်ကုန်၊ မတ် ၂၆

ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ CPF ပုစွန်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၂၀၀ ဝန်းကျင်ကို နစ်နာကြေး ဘတ်သန်း ၅၀ (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆သန်း) ပေး၍ အလုပ်ထုတ်လိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ အတွက် အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

ပုစွန်လုပ်ငန်း အဆင်မပြေသဖြင့် လုပ်သားအင်အား လျှော့ချရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြန်မာလုပ်သား ၆၀ ကျော်နှင့် ဖေဖော်ဝါရီတို့တွင် ၇၅ ဦးတို့မှာ နစ်နာကြေး မရရှိဘဲ အလုပ်ထုတ်ခံခဲ့ရကြောင်း ၎င်းကဆိုသည်။

နစ်နားကြေး ပေးလျော်မှုအရ လုပ်သားများသည် အနည်းဆုံး ဘတ် ၃၀၀၀၀ မှ အများဆုံး ဘတ် ၉၀၀၀၀ အထိ ရရှိကြမည် ဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။

“ကုမ္ပဏီတစ်ခုကနေ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ်မှာ ဥပဒေအရ နစ်နာကြေး အပြည့်အဝ ပေးရတာ ထိုင်းနိုင်ငံမှာ ဒါပထမဆုံးပဲ” ဟု ဦးအောင်ကျော်က ရှင်းပြသည်။

လုပ်သားများကို နစ်နာကြေး မပေးဘဲ အလုပ်ဖြုတ်ပါက ထိုင်းနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် အလုပ်ရှင်၊ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၁၁၈ အရ တရားစွဲဆိုမည်ဟု အလုပ်ရှင်ကို ပြောဆိုခဲ့သဖြင့် အလုပ်ရှင်က MWRN နှင့် ညှိနှိုင်းခဲ့ကာ နစ်နာကြေးပေးရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။

နစ်နာကြေးပေးမည့် ကိစ္စကို မတ်လ ၂၆ ရက်နေ့တွင် အလုပ်ရှင်၊ လုပ်သား၊ ထိုင်းအစိုးရ၊ MWRN တို့ လေးပွင့်ဆိုင် တွေ့ဆုံကာ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး နစ်နာကြေးကို လုပ်သားများ၏ ဘဏ်အကောင့်ထဲသို့ ဧပြီလ ၁၀ ရက်နေ့တွင် ထည့်ပေးမည် ဖြစ်ကာ ယင်းနေ့တွင် အလုပ်ဖြုတ်ကြောင်း တရားဝင် ကြေညာမည် ဖြစ်ကြောင်း ဦးအောင်ကျော်က ဆိုသည်။

လုပ်ထုတ်ခံရသည့် လုပ်သားများကို ထိုင်းဥပဒေအရ နစ်နာကြေး ခံစားခွင့် ရရှိမည်ဖြစ်ပြီး လုပ်သက်အလိုက် လျော်ကြေးရရှိမှု နှုန်းထားများ ကွဲပြားမည် ဖြစ်သည်။ ဥပမာ- လုပ်သက် လေးလမှ တစ်နှစ်အတွင်း ရှိသူများသည် လုပ်အားခ တစ်လစာ (ဘတ် ၉၀၀၀)၊ တစ်နှစ်မှ သုံးနှစ်အတွင်း ဆိုလျှင် သုံးလစာ၊ သုံးနှစ်မှ ခြောက်နှစ်အတွင်း ဆိုလျှင် ခြောက်လစာ၊ ခြောက်လမှ ဆယ်နှစ်ဆိုလျှင် ရှစ်လစာ၊ ဆယ်နှစ်အထက် ဆိုလျှင် ဆယ်လစာ နစ်နာကြေးရမည် ဖြစ်သည်။

CPF ပုစွန်စက်ရုံသည် သစ်သား စက်ရုံအဖြစ် ပြောင်းလဲ ဖွင့်လှစ်ရန် စီစဉ်နေပြီး ယင်းစက်ရုံတွင် မြန်မာလုပ်သား ၂၀၀၀ ခန့် ကျန်ရှိနေသေး ကြောင်း MWRN ထံမှ သိရှိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းကျော် ရှိသည်။ မူရင်ကို သွားရောက်ဖတ်ရှူချင်ပါက
ဒီမှာ ဖတ်နိုင်ပါတယ်....အဆင်ပြေနိုင်ကြပါစေ ခင်ဗျာ.... အားလုံးအဆင်ပြေပါစေ.......။.အလွမ်းများရဲ့ ဆောင်ပုဒ်ဆိုဒ်လေးမှာ

 အသစ်တင်သမျှ fb ကဖတ်ချင်တယ်ဆိုရင်တော့ pages လေးကိုနိုပ့်လိုက်ပါ....အားလုံးအဆင်ပြေပါစေ......

                                                                      လွမ်းဆောင်း

                                                           www.lwansulay.com









Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်