အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံသို့ လူကုန်ကူးသည့် ထိုင်းဘုန်းကြီး ၂ ပါးကို မြန်မာနိုင်ငံသား အယောက် ၃၀ ဖြင့် တက်ခ်-မဲဆောက် လမ်းပေါ်တွင် ထိုင်းရဲများ ဖမ်းဆီးရမိ
မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံသို့ လူကုန်ကူးသည့် ထိုင်းဘုန်းကြီး ၂ ပါးကို မြန်မာနိုင်ငံသား အယောက် ၃၀ ဖြင့် တက်ခ်-မဲဆောက် လမ်းပေါ်တွင် ထိုင်းရဲများ ဖမ်းဆီးရမိ
Written By MyanmarChnnel@ on Saturday, April 26, 2014 | 5:37 AM
မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံသို့ လူကုန်ကူးသည့် ထိုင်းဘုန်းကြီး ၂ ပါးကို မြန်မာနိုင်ငံသား အယောက် ၃၀ ဖြင့် 
တက်ခ်-မဲဆောက် လမ်းပေါ်တွင် ထိုင်းရဲများ ဖမ်းဆီးရမိ ၂၃ ဧပြီလ ၂၀၁၄၊ သည်လေဒီးစ်သတင်းဂျာနယ်
သတင်းပေးမှုအရ ထိုင်းရဲများက အဆိုပါ နယ်စပ်လမ်းမကြီးပေါ်တွင် စောင့် ဆိုင်းဖမ်းဆီးခဲ့ကြောင်း 
Bangkok Post သတင်းစာတွင် ဖော်ပြပါရှိသည်။ အဆိုပါ ဘုန်းကြီးများသည် ထိုင်းနိုင်ငံတွင် 
တန်ခိုးရှင်များဟု နာမည်ထွက်နေ သည့် ဘုန်းကြီးကျောင်းမှ ဖြစ်ကြောင်း သိရသည်။
ကျောင်းတစ်ကျောင်းဖြစ်သည်ဟု အဆိုပါ သတင်းစာက ဖော်ပြထားသည်။
ယခု ဖမ်းဆီးရမိသည့် ထိုင်းဘုန်းကြီးနှစ်ပါးမှာ သက်တော် ၅၃ နှစ်နှင့် သက်တော် ၄၈ နှစ်တို့ ရှိပြီးဖြစ်ပြီး 
ဖမ်းဆီးရမိသည့် ကားများတွင်သာသနာ့အလံများကျောင်းတံဆိပ်များကို တပ်ဆင်ထားကြောင်းသိရှိရသည်။
ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂ ယောက်နှင့် အမျိုးသမီး ၁၈ ယောက်တို့ ထိုင်းရဲမှာ 
ထိန်းသိမ်းထားပြီး ၄င်းတို့မှာမူ ထိုင်းတွင် အလုပ်ရှာ၇န်လာခဲ့ကြောင်း စစ်ချက်များအရ သိရသည်ဟု ဆိုသည်။
ထိုင်းရဲမှာ အဆိုပါ ကျောင်းနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့် ဘုန်းကြီးများကို လူကုန်ကူးမှု အက်ဥပဒေအရ 
အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြပါရှိပါသည်။
 အားလုံးအဆင်ပြေပါစေ။
Admin  lwan saung(1)
Share this article :
0 comments:
Post a Comment
မန်ဘာဝင်ရန်
သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks
AD
နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်
တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ
လေ့လာစရာဆိုဒ်လေးများ
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်
Proudly powered by ဆုလေးနွယ်