အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » သင်္ကြန်တွင်း ကောလာဟလ နဲ့ ပတ်သက်ပြီး ပရိသတ်ကို အမှန် အတိုင်း ဖွင့်ဟလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

သင်္ကြန်တွင်း ကောလာဟလ နဲ့ ပတ်သက်ပြီး ပရိသတ်ကို အမှန် အတိုင်း ဖွင့်ဟလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

Written By MyanmarChnnel@ on Saturday, April 26, 2014 | 5:48 AM


“သင်္ကြန်ပြတိုက်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်က ခင်ဝင့်ဝါ၊ နန်းဆုဦး တို့နဲ့ ရိုက်ကူးနေပြီး သင်္ကြန်မှာ သူငယ်ချင်းတွေ  မဏ္ဍပ်စုဆောက်ကြ တဲ့ အထဲ မှာ ခေါင်းဆောင် တစ်ယောက်ဖြစ်သူ စိုင်းစိုင်း ဆိုတဲ့ကောင်လေး တစ် ယောက် အဖြစ် သရုပ်ဆောင် ရတာပါ။ သင်္ကြန် မဏ္ဍပ်ကို တာဝန်ယူပြီး လုပ်ရတဲ့ အတွက် နဲ့ ဇာတ်ကား ရိုက်ကူး မှုအကြောင်းကို “သင်္ကြန် မတိုင်ခင်က စရိုက်တာ၊ သင်္ကြန် အကြိုနဲ့ အကျနေ့ကို ဇာတ်လမ်း ရိုက်တယ်။ ကျန်တဲ့ ရက်တွေကိုတော့ ဇာတ်လမ်း အတွက် တခြား ရိုက်ကူးစရာတွေ ကိုရိုက်ပါတယ်။ သင်္ကြန် မဏ္ဍပ်ကလည်း ကိုယ်တိုင် တာဝန်ယူပြီး လုပ်တာဖြစ်တဲ့ အတွက် သင်္ကြန် မဏ္ဍပ် ကလည်း တစ်ဖက်၊ ရုပ်ရှင် ကလည်း တစ်ဖက်ဆို တော့ တာဝန်လည်း တအားကြီးတယ်။ တအားလည်း စိတ်ပင်ပန်းပါတယ်။  သင်္ကြန်အစစ် အတွက် လိုအပ်တဲ့ ရိုက်ချက်တွေ အတွက် သင်္ကြန်မှာ ရိုက်ဖြစ်တာပါ” လို့ စိုင်းစိုင်းခမ်းလှိုင် ကပြောပြပါတယ်။
သင်္ကြန်တွင်း ဇာတ်ကား ရိုက်ကူးမှု အဆင်ပြေပေမယ့် ပရိသတ်တွေ အတွက် ကောလာဟလ တစ်ခု အပေါ် စိတ် အနှောင့် အယှက်ဖြစ်ခဲ့ ရကြောင်းကိုလည်း စိုင်းစိုင်း ခမ်းလှိုင် က “ကျွန်တော်နဲ့ ခင်ဝင့်ဝါ ဇာတ်ဝင်ခန်း ရိုက် နေ တော့ အွန်လိုင်း မီဒီယာတစ်ခု ကနေပြီး ဓာတ်ပုံရိုက်ပြီး ပရိသတ်ကို ထင်ယောင် ထင်မှားဖြစ် အောင်ရေး သားခဲ့တဲ့ အတွက် ကျွန်တော်က ကိစ္စ မရှိပေမယ့် တစ်ဖက်သား မိန်းကလေး ရဲ့ သိက္ခာကို အနည်း နဲ့အများ ထိခိုက်တာပေါ့။ မိန်းကလေး ဖြစ်တယ်။ ဆယ်ကျော်သက် တက် သစ်စ လူငယ် လည်း ဖြစ်တယ်။ ကျွန်တော်တို့ ရိုးရိုးသားသား အလုပ်လုပ်နေတဲ့ အပေါ် ဒီလို မပြည့်မစုံတဲ့ သတင်း ဖော်ပြမှု အတွက်တော့ စိတ်အနှောင့် အ ယှက်ဖြစ်ခဲ့ ရပါတယ်။ ကျွန်တော်တို့ ဒီသင်္ကြန်ပြတိုက် ဆိုတဲ့ သင်္ကြန် ဇာတ်ကားလေးကို ရိုက်နေတာပါ။ အလုပ်ကိစ္စ ကလွဲပြီးတော့ ဘာမှထူးခြားတဲ့ ပတ်သက်မှု မျိုးမရှိ ပါ ဘူး။ ဒီလိုမျိုး ရှင်းပြရတာ ကလည်း ကျွန်တော်က ယောက်ျားလေး၊ အရေ လည်း ထူနေပြီ။ ကျွန်တော့် အတွက် ဘာမှမဖြစ်ဘူး။ ကျွန်တော့်ကြောင့် ဘယ်သူမှ မနစ် နာစေ ချင်ဘူး။ ဒါကြောင့် ရှင်းပြရတာပါ။ ပရိသတ်ကို လည်း အမှန်အတိုင်း သိစေချင်လို့ပါ”လို့ ပြောပြပါတယ်။
Admin  lwan saung(1)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်