အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အဖြည့်ခံ နှလုံးသား

အဖြည့်ခံ နှလုံးသား

Written By MyanmarChnnel@ on Wednesday, April 30, 2014 | 8:58 PM

မကြင်နာလို့ မဟုတ်ပါမောင်

ရိုင်းစိုင်းတဲ့ ကံကြမ္မာကြောင့်

ဒီရင်မှာ အရိုးခိုက်အောင်

နှလုံးသားမှာ ဒဏ်ရာရခဲ့ပေမယ့်

မောင့်ဘ၀အတွက် နှလုံးသားကို

အားလုံးပေးဆပ်ခဲ့ရသူပါ။

စွန့်လွှတ်ရသူ ဒီရင်မှာ

အချစ်ဒဏ်ကြောင့်

ငိုနေမိတဲ့ ရှိုက်သံတွေကို

မောင် ဘယ်လိုကြားနိုင်မှာလဲ...

မေတို့တည်ဆောက်ခဲ့ကြတဲ့

ချစ်ကမ္ဘာလေး

အစိတ်စိတ်အမွှာမွှာ ကြေမွပျက်သုန်းသွားတော့

မြေမှာခတဲ့ ပန်းကြွေလို

နွမ်းနယ်နေတဲ့ မေ့နှလုံးသားကို

စာနာလှည့်ပါမောင်... ။

မှတ်ချက်။ ။ အမတစ်ယောက်ရဲ့ ဒိုင်ယာရီထဲမှာ ဖတ်ခဲ့ရတဲ့ ကဗျာလေးပါ။ ဘယ်သူရေးတယ်ဆိုတာ မသိပေမယ့် ဒီကဗျာလေးကို နှစ်သက်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်