အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အခ်ိန္လြန္အမွား

အခ်ိန္လြန္အမွား

Written By MyanmarChnnel@ on Saturday, April 26, 2014 | 7:51 PM

နှုတ်ခမ်းလွှာတစ်စုံထက်က
၁၅၀၀ ဆိုတဲ့ စကား
နာကျင်ခြင်းသဲသောင်ပေါ် ကမ်းကပ်ဖို့
ဇာတ်ကားအဆုံးတစ်ခုတိုင်းစီက
" ပြီးပါပြီ " ဆိုတဲ့ စာတန်းလို
တစ်ခန်းသတ် ရပ်တန့်ခဲ့ပြီလား ။

ပွဲတစ်ခုပြီးတိုင်း အိမ်ပြန်ရမယ်သိပေမယ့်
ငါ့ရဲ့ နှလုံးသားအိတ်လေးမှာတော့
တစစီမွကြေနေတဲ့ အချစ်လက်မှတ်လေး
ပါလာအုံးမယ်...
ဒါ မင်းထားခဲ့တဲ့ သက်သေလား ?

ငါကတော့ ငါ့အနာဂတ်အတွက်
တမြေ့မြေ့ပျက်သုန်းနေတဲ့ ရင်တစ်ခုလုံးကို
မင်းအတွက် ရင်းနှီးထားခဲ့ရပြီး
မင်း ပြန်လာမှာကို မျှော်လင့်မိတာ
နေ့ရက်တိုင်းပါပဲ ...

မင်းရဲ့ စေခိုင်းမှုအတိုင်း
ကြေကွဲမှု အလွမ်းဆွေးတွေက
ငါ့အိပ်မက်တိုင်းကို ဖျက်ဆီးခဲ့ရုံမက
တစ်ဖက်သတ်ဆန်ဆန်ဖြစ်သွားခဲ့တဲ့
ငါ့ အချစ်တွေကို သိလိုက်ရမှ
အချစ်စစ်ဆိုတာ မင်းနဲ့မထိုက်တန်မှန်း
သိလိုက်ရတော့ ...

ငါ မင်းကို ချစ်တာ မှားသွားတယ် ..

လွမ်းဆုလေး

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်