တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ရိုးသားတဲ့ ကချင်တိုင်းရင်းသား တစ်ဦးရှိတယ်..
သူက တောင်ယာလုပ်ပြီး ၀မ်းစာအတွက် လုပ်ကိုင်စားသောက်တယ်။ သာမန်တောသူတောင် သားလေး ပေါ့နော်။ သူက မြန်မာစကားကို လယ်လယ်ဝယ်ဝယ် မပြောတတ်ရှာဘူး။ သိပ်လည်း ပြောလေ့ မရှိဘူးဆို ပါတော့။
တစ်နေ့မှာ သူ့နွားတစ်ရှဉ်း ပျောက်သွားတယ်။ တောအနှံလိုက်ရှာရင်းနဲ့ မိုးမှောင်စ ပြုလာ ခဲ့တယ်။ နွားကို ရှာလို့မတွေ့သေးဘူး ။ ဒီတော့ အဲဒီတိုင်းရင်းသားက ရွာပြန်လာတာပေါ့။ သူရွာကို အလျင်အမြန်လာနေတုန်း ရွာရောက်ခါနီး ရွာအ၀င်ဝမှာ လူနှစ်ယောက် ထွက်လာ တာတွေ့တယ်။ အဲလူနှစ်ယောက်ကလဲ မြန်မာစကားကို အရည်ကျိုသောက်လို့ ရအောင်ကို ကျွမ်းကျင်တယ်။ ဒါပေမယ့် တိုင်းရင်းသား စကားတွေကိုတော့ သိပ်နားမလည်ဘူးတဲ့။
သူတို့သုံးယောက် ဆုံမိတယ်ဆိုရင်ပဲ တိုင်းရင်းသားကြီးက သူ့နွားကို တွေ့လိုတွေ့ငြား သတင်းစုံစမ်းမှလို့ တွေးပြီး ခုလိုပြောတယ်။
တိုင်းရင်းသား။ ။ နောင်ကြီး။ မေးစရာရှိလို့ ။
ရွာသားနှစ်ယောက်။ ။ ဟုတ်ကဲ့ မေးဗျာခင်ဗျာ။
တိုင်းရင်းသား။ ။ ရွာထဲမှာ ကျွန်တော့်နွားတစ်ရှဉ်းများ တွေ့မိလားလို့။
ရွာသားနှစ်ယောက်။ ။ ဟုတ်ကဲ့။ ဘယ်လိုအရောင်လဲ။
အဲလိုမေးတော့ ကချင်တိုင်းရင်းသားက တော်တော်ကြာတွေးလိုက်တယ်။ သူ ဘာအရောင် ဆိုတာ ပြောမပြတတ်ဘူး။ သိတော့သိတယ်ပေါ့။ သူ့နွားကို ဘယ်လို အရောင်ပြောရမလဲ လို့ တွေးနေရင်း ဟိုကြည့်ဒီကြည့်နဲ့ ခုလို ကောက်ကာ ငင်ကာ ပြောလိုက် တယ်တဲ့။
တိုင်းရင်းသား။ ။ ငါ့နွား မိုးချုပ်ရောင်။ လည်ပင်းမှာ သံလုံးအပေါက်ဆွဲထားတယ် အထဲမှာ တုတ်ချောင်းက ဒေါင်.. ဒေါင်.. နဲ့ မြည်နေတယ်လေ။
အဲလိုလဲကြားရော ရွာသားနှစ်ယောက်မှာ ပါးစပ်လေးဟပြီး ဘာပြောရမှန်းမသိဖြစ်သွားပြီးတော့ အကြာကြီးကို ငိုင်သွားပါလေရောတဲ့ ။
အမှန်တော့ နွား အမည်းရောင်( အနက်ရောင်)၊ လည်ပင်းမှာ ခြူတစ်လုံးစီ ဆွဲထားတယ် ဆိုတာကို မပြောတတ်လို့ မိုးချုပ်ရောင်လို့ ပြောတယ်ဆိုတာကိုတော့ အဲလူနှစ်ယောက်က နားမလည်လိုက်ဘူးတဲ့။
ကဲသူငယ်ချင်းတို့လဲ ပျော်ရွှင်ရယ်မောနိုင်ကြပါစေ။
လွမ်းဆုလေး
Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/

0 comments:
Post a Comment