နှလုံးသွေးနဲ့ရေး
ဒီစာကလေးကို
ချစ်သောမေမေ
ဝေးတနယ်မြေမှ
သိမြင်ပါစေ
တောင်းဆု ခြွေလျှက်..
လူမမယ်ကလေးဘဝ
တုတ်ကလေးနဲ့ မနာတနာ
ပါးစပ်လေးနဲ့ တုတ်လုပ်
မှားမှန်သွန်သင်
ဆုံးမ ပြင်လို့
လောကအလယ်
တင့်တယ်လာအောင်
ကျိုးဆောင်လမ်းပြ
မီးပြခဲ့သော မေမေ။
ဘယ်လိုဂုဏ်နှင့် ခိုင်းနှိုင်း
ရှုံးနိမ့်သွားရအောင်
ကျေးဇူးကြီးမား
တုနှိုင်းစရာမရှိအောင်
အနှိုင်းမဲ့ပါသော ချစ်မေမေ။
ခုတော့ ...
မေမေ ... လို့
သံကုန်အော်လဲ
မကြားနိုင်တော့တဲ့
လူ့စည်း နတ်စည်း
စည်းတစ်စည်းက
မိုးကောင်းကင် တစ်ခုထဲအောက်
ကမ္ဘာကြီးတစ်ခုတွင်းမှာ
ပိုင်းခြားလို့ ထားခဲ့ပြီ နော်။
ခေါ်စရာ အမေမရှိ
တမ်းတရာ တမ်းတကြောင်း
အတိတ်ဟောင်းဆီက အမေ့ပုံတွေ
မျက်ဝန်းမှာ တရိပ်ရိပ်ထင်လို့
သတိရတိုင်း တွေးမိတိုင်းမှာ
ပါးနုနုထက် မြစ်နှစ်စင်းက
မခန်းနိုင်တဲ့ မျက်ရည်မိုးတို့
တာ ကျိုးနေဆဲပါ မေမေ။
လွမ်းဆုလေး
(အမေ့ကို လွမ်းလို့ပါ။ )
လွမ်းဆုလေး
Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
ဒီစာကလေးကို
ချစ်သောမေမေ
ဝေးတနယ်မြေမှ
သိမြင်ပါစေ
တောင်းဆု ခြွေလျှက်..
လူမမယ်ကလေးဘဝ
တုတ်ကလေးနဲ့ မနာတနာ
ပါးစပ်လေးနဲ့ တုတ်လုပ်
မှားမှန်သွန်သင်
ဆုံးမ ပြင်လို့
လောကအလယ်
တင့်တယ်လာအောင်
ကျိုးဆောင်လမ်းပြ
မီးပြခဲ့သော မေမေ။
ဘယ်လိုဂုဏ်နှင့် ခိုင်းနှိုင်း
ရှုံးနိမ့်သွားရအောင်
ကျေးဇူးကြီးမား
တုနှိုင်းစရာမရှိအောင်
အနှိုင်းမဲ့ပါသော ချစ်မေမေ။
ခုတော့ ...
မေမေ ... လို့
သံကုန်အော်လဲ
မကြားနိုင်တော့တဲ့
လူ့စည်း နတ်စည်း
စည်းတစ်စည်းက
မိုးကောင်းကင် တစ်ခုထဲအောက်
ကမ္ဘာကြီးတစ်ခုတွင်းမှာ
ပိုင်းခြားလို့ ထားခဲ့ပြီ နော်။
ခေါ်စရာ အမေမရှိ
တမ်းတရာ တမ်းတကြောင်း
အတိတ်ဟောင်းဆီက အမေ့ပုံတွေ
မျက်ဝန်းမှာ တရိပ်ရိပ်ထင်လို့
သတိရတိုင်း တွေးမိတိုင်းမှာ
ပါးနုနုထက် မြစ်နှစ်စင်းက
မခန်းနိုင်တဲ့ မျက်ရည်မိုးတို့
တာ ကျိုးနေဆဲပါ မေမေ။
လွမ်းဆုလေး
(အမေ့ကို လွမ်းလို့ပါ။ )
လွမ်းဆုလေး
Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
0 comments:
Post a Comment