အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ထိုင်းစစ်တပ် စစ်အုပ်ချုပ်ရေးကြေညာ

ထိုင်းစစ်တပ် စစ်အုပ်ချုပ်ရေးကြေညာ

Written By MyanmarChnnel@ on Monday, May 19, 2014 | 11:15 PM


 20.5.2014 ထိုင်းနိုင်ငံမှာတော့ စစ်တပ်ပိုင်ရုပ်မြင်သံကြားတွေကနေ စစ်တပ်ကနေ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ ဒါဟာ စစ်တပ်အာဏာ သိမ်းတာ မဟုတ်ဘဲ ထိုင်းပြည်သူအားလုံးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းစေဖို့ စစ်အုပ်ချုပ်ရေး ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတွင်း ၀န်ကြီးချုပ်ယင်းလတ်ရှင်န၀ပ် ပြုတ်ကျဖို့ ဆန္ဒပြတောင်းဆိုမှုတွေနဲ့ မငြိမ်မသက်မှုတွေ လအတန်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာပါ။

ဒီကနေ့ မနက်လင်းအားကြီးပိုင်းမှာ ဘန်ကောက်မြို့က အရေးပါတဲ့နေရာအတော်များများမှာ စစ်တပ်က နေရာယူချထားတယ်လို့ သိရပါတယ်။ စစ်တပ်ပိုင် Channel 5 ရုပ်သံဌာနကလွဲပြီး ကျန်ရုပ်သံတွေအားလုံး ရပ်နားထားတယ်လို့ဆိုပါတယ်။ အဲဒီနေရာမှာ Channel 5 ရဲ့ လွှင့်ထုတ်ချက်ကိုပဲ ပြန်ပြနေပါတယ်။

ဝန်ကြီးချုပ် ယင်းလတ်ကိုတော့ ဖွဲ့စည်းပုံအ ခြေခံဥပဒေခုံရုံးကနေ အဂတိလိုက်စားမှုစွဲချက်နဲ့ ရာထူးကနေ အခု လအစောပိုင်း ဖယ်ရှားခဲ့ပါတယ်။

ဒါပေမယ့် ၀န်ကြီးချုပ်ယင်းလတ်ဦးဆောင်တဲ့ ပါတီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ဆန္ဒပြမှုတွေဟာ အကြမ်းဖက်မှုတွေအထိ တိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာစစ်တပ်ဟာ မကြာမကြာ အာဏာသိမ်းလေ့ရှိပြီး သြဇာလည်းကြီးပါတယ်။ ထိုင်းနိုင်ငံရဲ့ ၈၁ နှစ်တာ သမိုင်းအတွင်း စစ်တပ်က အကြိမ်ပေါင်း ၁၈ ကြိမ် အာဏာသိမ်းခဲ့ဖူးတာပါ။

ဒီသတင်းကို VOA သတင်း ဆိုင်ကနေ ပြန်လည်မျှဝေလိုက်တာပါ  လက်ရှိ ကျွန်နော်က ထိုင်းနိုင်ငံဆမွန်ဆာ
ဆာခွန်ခရိုင် မပာာချိုင်မြို့ နယ်မှာ နေထိုင်းခြင်းပါတယ်။။။
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်..ကျွန်နော်လည်းအခုတစ်လော အလုပ်ကမအား နည်းပညာ
တွေလည်း တင်ပေးချင်တယ်ဗျာ..အလုပ်မအားလို့ တင်ပေးမဖြစ်တာ အားလုံး နားလည်ပေးကြပါနော်..
အလွမ်းများရဲ့ ဆောင်ပုဒ်ဆိုဒ်လေးမှာ အသစ်တင်သမျှ fb က

ဖတ်ချင်တယ်ဆိုရင်တော့ pages လေးကိုနိုပ့်လိုက်ပါ....အားလုံးအဆင်ပြေပါစေ......

                                                                      လွမ်းဆောင်း
                                                           www.lwansulay.com
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်