ငါယုံအောင်ကတိတွေ အထပ်ထပ်ပေးနေမယ့်အစား
ငါ့အပေါ်တကယ်ကတိတည်နိုင်ပြီလားလို့ တွေးပါ။
ငါအတွက် အမြဲတမ်းရှိနေမယ် ပြောနေမယ့်အစား
ငါ့အနားမှာ အမြဲတမ်းရှိနိုင်ပြီလားလို့ တွေးပါ။
ငါ့အတွက်ဘာမဆိုလုပ်ပေးနိုင်တယ် အော်နေမယ့်အစား
ငါတောင်းဆိုသမျှ လုပ်ပေးနိုင်ရဲ့လားလို့ တွေးပါ။
ငါ့တစ်ယောက်ကိုပဲ အမြဲချစ်နေမယ်လို့ ပြောနေမယ့်အစား
ငါ့အတွက် တကယ်ခိုင်မြဲပြီလားလို့ ပြန်တွေးကြည့်ပါ။
လွမ်းဆုလေး

0 comments:
Post a Comment