သဘာဝရဲ့ စစ်ခရာသံ
ကောင်းကင်ယံထက်က
တဒိန်းဒိန်းမြည်သံနဲ့
တို့တောင်သူ လယ်သမားတို့
လယ်ဝင်ရန်ပြင်ဆင်ချိန်က
ထပ်တူညီလျှက်။
စိမ်းလဲ့လဲ့ ရေကန်ထက်ဆီက
ဖြူလွှလွှကြာပန်းတို့
ဖွေးနေအောင် ပွင့်နေကြ
မွှေးလွှန်းလှ ပန်းစပယ်နှင့်
ဇွန် ခရေပန်းတွေက
တို့အနာဂတ်လူငယ်
ပညာသင်ချိန်ကို
ရှိသမျှ နံသာလေးနှင့်
ဂုဏ်ပြုနေရဲ့။
လွမ်းဆုလေး
ကောင်းကင်ယံထက်က
တဒိန်းဒိန်းမြည်သံနဲ့
တို့တောင်သူ လယ်သမားတို့
လယ်ဝင်ရန်ပြင်ဆင်ချိန်က
ထပ်တူညီလျှက်။
စိမ်းလဲ့လဲ့ ရေကန်ထက်ဆီက
ဖြူလွှလွှကြာပန်းတို့
ဖွေးနေအောင် ပွင့်နေကြ
မွှေးလွှန်းလှ ပန်းစပယ်နှင့်
ဇွန် ခရေပန်းတွေက
တို့အနာဂတ်လူငယ်
ပညာသင်ချိန်ကို
ရှိသမျှ နံသာလေးနှင့်
ဂုဏ်ပြုနေရဲ့။
လွမ်းဆုလေး
0 comments:
Post a Comment