အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အရေပြားပေါ်ရှိ အဖု အပိန့် အကွက်များအတွက် သဘာဝအိမ်တွင်းကုထုံးလေးများ

အရေပြားပေါ်ရှိ အဖု အပိန့် အကွက်များအတွက် သဘာဝအိမ်တွင်းကုထုံးလေးများ

Written By MyanmarChnnel@ on Thursday, July 24, 2014 | 9:31 PM



သွေးယားတယ်…သွေးဓာတ်မတဲ့ဘူး…allergy ဖြစ်တယ်ဆိုတာကို ကြားဖူးနေပါလိမ့်မယ်(သို့ မ ဟုတ်) သင်ကိုယ်တိုင် ကြုံဖူး ကောင်း ကြုံဖူးပါလိမ့်မယ်။ အဲဒီလိုဖြစ်တဲ့အခါ အရေပြားပေါ်မှာ အဖု အပိန့်အကွက်များထလာပြီး ယားယံခြင်း၊ အရေပြားရောင် ရမ်းခြင်း၊ ပူလောင်ခြင်း၊ စူးရှခြင်း၊ ရံဖန်ရံခါ အရေပြားကွဲထွက်ခြင်း စသဖြင့် ခံစားရတတ်ပါတယ်။ အရေပြား allergy ဖြစ်ရတဲ့ အကြောင်းများမှာ- (၁) အစားအသောက်ဓာတ်မတည့်ခြင်း (၂) ရာသီဥတု ရုတ်တရက်ပြောင်းလဲ သွာြး ခင်း (၃) အမွှေးနံ့ ဓာတ်မ တည့်ခြင်း (၄) အရေပြားဓာတ်မတည့်ခြင်း (၅) ပဋိဇီဝဆေးဝါး ဓာတ်မ တည့်ခြင်း (၆) အသည်းအဆိပ်တက်ခြင်း ..စသည် တို့ ကြောင့် ဖြစ်လာနိုင်ပါတယ်။ ဖော်ြ ပ ပါ အကြောင်းအရာ(၆)မျိုးအနက်၊ အမှတ်စဉ်(၁) (၂) (၃) (၄) တို့ က မကြာမီအချိန် အ တွင်း သူ့ အလိုအလျောက် ဝေဒနာတွေ ပြေပျောက်သွားနိုင်သော်လည်း၊ အမှတ်စဉ် (၅) နှင့် (၆) တို့ အ တွက်ကတော့ အချိန်မှီ ကုသမှု မခံယူဖြစ်ပါက နာတာရှည်အရေပြားဝေဒနာကို ခံစားရနိုင်တဲ့ အပြင် အခန့် မသင့်ရင် အသက်ဆုံးရှုံးမှုပါ ဖြစ်လာနိုင်တာ ကြောင့် မပေါ့ဆသင့်ပါဘူး။

(၁။ အစားအသောက်ဓာတ်မတည့်ခြင်း)
အဖြစ်များတဲ့ မွေးရာပါရောဂါတစ်မျိုးဖြစ်ပြီး၊ မိခင်(သို့ မဟုတ်)ဖခင်တို့ ထံမှ မျိုးရိုးလိုက် တတ်ပါ တယ်။ ဝေဒနာရှင် တစ်ဦး နှင့် တစ်ဦး ဓာတ်မတည်သည့် အစားအစာအမျိုးအစားချင်း မတူညီကြ ပါဘူး။ ကြက်ဥ၊ နွားနို့ ၊ ပုစွန်-ပြည်ကြီးငါး(ကင်းပွန်)-ဂုံးကောင်-ရေဘ၀ဲ စသည့် ပင်လယ်စာအမျိုး မျိုး၊ ပဲပိစပ်၊ ဂျုံ၊ မြေထောက်ပဲ၊ ပိန်းဥ၊ သခွားသီး စသည် တို့ က အဖြစ်များတဲ့ အစားအစာ ဓာတ် မတည့်ခြင်းတွေပါဘဲ။

(၂။ ရာသီဥတု ရုတ်တရက်ပြောင်းလဲသွားခြင်း)
အဖြစ်နည်းတဲ့ ဓာတ်မတည့်ခြင်းတစ်မျိုးပါ။ အေးနေရာမှ ချက်ချင်းဆိုသလို ရာသီ ဥတုပူလာခြင်း( သို့ မဟုတ်)ပူရာမှ ချက်ချင်းအေးသွားခြင်း စသဖြင့် အပူချိန်မမျှတသည့်အခါတွင် လည်းကော င်း၊ လေတအား ထန်၍ ဖုန်မှုန့် များ(သို့ မဟုတ်)လေအေးများက ခန္ဓာကိုယ်အရေပြားကို ပွတ် တိုက် ရိုက်မိတဲ့အခါမှာလည်းကောင်း သွေးဓာတ်မ တည့်ခြင်း ဖြစ်လာရပါတယ်။

(၃။ အမွှေးနံ့  ဓာတ်မတည့်ခြင်း)
သူကလည်း အမှတ်စဉ်(၁)ကဲ့သို့ အဖြစ်များတဲ့ မျိုးရိုးလိုက်ဓာတ်မတည့်ခြင်းပါဘဲ။ ပန်းဝတ်မှုန် (သို့ မဟုတ်)ဓာတ်မတည့်သည့် ပန်းဝတ်မှုန်ရနံ့ ကို အခြေခံ၍ ပြုပြင်ထုတ်လုပ်ထားတဲ့ ရေေ မွှးတို့ ကြောင့် ဝေဒနာခံစားရခြင်း ဖြစ်ပါတယ်။

(၄။ အရေပြားဓာတ်မတည့်ခြင်း)
ဆပ်ပြာ၊ လိုးရှင်းအလှကုန်များ၊ ရာဘာအမျိုးအစားဖြင့် ပြုလုပ်ထားတဲ့ အလှတန်ဆာပစ္စည်းများ၊ စီးကရက်မီးခိုးငွေ့ ၊ အရက်သေစာများ စသည်တို့ ကြောင့် ဖြစ်တတ်ပြီး အဖြစ်များတဲ့ ရောဂါတစ်မျိုးလို့ ဆိုနိုင်ပါတယ်။

(၅။ ပဋိဇီဝဆေးဝါးဓာတ်မတည့်ခြင်း)

ဆေးသိပ္ပံနည်းအရ systemic allergy လို့ ခေါ်ပါတယ်။ ပင်နဆလင်၊ ထုံဆေး၊ မေးခိုင် ကာ ကွယ်ဆေး၊ ဟော်မုန်းအားဆိုးဆေး စသည့် ပဋိဇီဝဆေးဝါးများကြောင့် ဓာတ်မ တည့်ခြင်း တစ် မျိုးပါ။ ထို ဆေးဝါးများဖြင့် မွေး ရာပါဓာတ်မတည့်ခြင်းဆိုသော်လည်း မိဘမျိုးရိုးလိုက်တတ်သည့် ဓာတ်မတည့်မှုမျိုးတော့ မဟုတ်ပါဘူး။ အကယ်၍ အကြောင်း တစ်စုံတစ်ရာကြောင့် ၄င်းပဋိဇီဝေ ဆးဝါးများ အသုံးပြုရန် ကြုံလာတဲ့အခါ မသုံးခင် မိမိနှင့်တည့်မှု ရှိ/မရှိ ဦးစွာ ဆေးပမာဏ အ နည်း ငယ်ဖြင့် စမ်းသပ်ခံပြီးမှသာ စိတ်ချလက်ချ အသုံးပြုသင့်ပါတယ်။

(၆။ အသည်းအဆိပ်တက်ခြင်း)
အချို့ သူတွေမှာ ထူးထူးခြားခြား အသည်းအဆိပ်တက်လေ့ရှိပါတယ်။ ထိုသူများအဖို့  အသည်း သန့် စေရန်အတွက် ဆေးလိပ် နှင့် အရက်တို့ ကို (အထူး) ရှောင်ရှားပေးဖို့  လိုအပ်ပါတယ်။

< အရေပြားဓာတ်မတည့်ခြင်းအတွက် အိမ်တွင်းကုထုံးလေးများ >

ဖော်ပြပါ လက္ခဏာ(၆)မျိုးမှ မည်သည့်အကြောင်းကြောင့်ဖြစ်စေ အရေပြားဓာတ်မတည့်မှုနဲ့ ကြုံေ တွ့  လာရတဲ့အခါ၊ အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများဖြင့် ဘေးဥပါသ်မရှိ သက်သာပျောက်ကင်းနိုင်ပါတယ်။

(၁) သဘာဝပျားရည်စစ်စစ် သောက်ပါ/လိမ်းကျံပါ (သို့ မဟုတ်) ရှာလာကာရည် ၁-ဆ ကို သဘာဝပျားရည်စစ်စစ် ၃-ဆရော၍ လိမ်းကျံပေးပါ။
 

(၂) နနွင်းမှုန့်  သောက်ပါ/လိမ်းကျံပါ။
 

(၃) ကြိတ်မှန်ရွက်၊ မြင်းခွာရွက်၊ ကနဖော့ပင် စသဖြင့် အဆင်ပြေရာ တစ်ခုခုကိုပြုတ်၍သောက်ပါ။ ထို့ ပြင် ၄င်းအပင်ကို ရေစင် စင်ဆေးကာ ကျိတ်ယူ၍ ရလာသော သတ္တုရည်ဖြင့် လိမ်းကျံပါ။
 

(၄) မညှိုးပန်းပင်၏အစေး(သို့ မဟုတ်)andelion(ခေါ်)ခွေးသွားစိတ်အနားတန်းအရွက်များရှိ၍ အပွင့်ဝါပြီး အပွင့်ခေါင်းပွသော အ လေ့ကျပေါက်ပန်း တစ်မျိုးတို့ ကို လိမ်းကျံပါ။
 

(၅) သံလွင်ဆီ လိမ်းပါ(သို့ မဟုတ်)ငါးကြီးဆီ နှင့် ဗီတာမင်အီးအဆီ တို့ ကို ရော၍ လိမ်းပါ။
 

(၆) လက်တဆုပ်စာ ပမာဏရှိသော ပင်စိမ်းရွက်ကို ရေစင်စင်ဆေး၍ ကျိတ်ချေပြီးနောက်၊ သံလွင် ဆီ လ္ဘက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်သွန်ဖြူ ၂-တက်၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းအန ည်းငယ်တို့ ဖြင့် ရော၍ အသားအရေပေါ်လိမ်းကျံပါ။
 

(၇) ကွေကာအုပ်(အကြမ်း)ကို ပျောင့်ပျောင်းသွားအောင် ရေအေးစိမ်၍ ထိုအဖတ်များဖြင့် အရေပြားပေါ်ပွတ်လိမ်းပေးပါ။ (ရေခဲ ရေ မဟုတ်ပါ)
 

(၈) ဗာဒံပင်အရွက်အစို (သို့ မဟုတ်) တမာရွက်အစို ကို ရေစင်စင်ဆေးပြီးပြုတ်၍ ရလာသော ပြုတ်ရေဖြင့် ရေချိုးပါ။
 

(၉) ဗီတာမင်စီဓာတ်များကလည်း ဓာတ်တိုးပစ္စည်းအဖြစ် အရေပြား allergic ကို ပျောက် ကင်းေ စပါတယ်။ ဒါကြောင့် ဗီတာမင်စီ ဆေးပြား(သို့ မဟုတ်)သံပုရာရည်(သို့ မဟုတ် )ရှောက်ရ ည် သောက်သုံးရင်း ထိုအချဉ်သီးများကို ညှစ်ယူ၍ရလာသော အရည်ဖြင့် အရေပြားကို လိမ်းကျံပေးပါ။
 

(၁၀) လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော ဘိန်းစေ့ကို ထောင်းထုကြိတ်ချေ၍၊ ၄င်း နှင့်ဆတူ ရေအေး နှင့် သံပုရာရည် ၁-ဇွန်းစီတို့ ကိုသမအောင် ရောစပ်၍ လိမ်းကျံပေးပါ။ (ရေခဲ ရေ မဟုတ်ပါ)

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်… မျှဝေသည်)
--
promise.pauk
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်