အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ခင်ပွန်းနှင့် အရက်အတူသောက်ပြီး ဇနီးကို အဓမ္မပြုကျင့်

ခင်ပွန်းနှင့် အရက်အတူသောက်ပြီး ဇနီးကို အဓမ္မပြုကျင့်

Written By MyanmarChnnel@ on Tuesday, July 8, 2014 | 8:11 PM


ခင်ပွန်းဖြစ်သူနှင့် အရက်အတူ လာသောက်
သည့်ဧည့်သည်က ဇနီးမယားကို အဓမ္မကျင့်မှု
တစ်ခု ပြည်မြို့၊ မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်
တန်းထားသည်ဟု မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်
တစ်ဦးက ပြောသည်။



ဖြစ်စဉ်မှာ ဇူလိုင်လ၄ရက်၊ ညနေ ၅ နာရီအချိန်က ဂျာကြီး(ခ)တင်ဇော်အောင် ဆိုသူသည် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ စက်မှုဇုန်ရပ်ကွက်ရှိ ရင်းနှီးခင်မင်သည့်သူတစ်ဦးနေအိမ်သို့ သွားရောက်ကာ အရက် အတူသောက်ခဲ့သည်။

ထိုသို့ အရက်အတူသောက်နေစဉ် အိမ်ပိုင်ရှင်နှင့် အိမ်ပိုင်ရှင်ဇနီးမှာ အရက်သောက်သည့် စားပွဲဘေးကုတင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်ဟု ဆိုသည်။

ည(၁၁)နာရီတွင် ဂျာကြီး(ခ)တင်ဇော်အောင်မှာ နေအိမ်ပိုင်ရှင်၏ ဇနီးဖြစ်သူအား ကုတင်ပေါ်မှ ဆွဲချကာ ပါးစပ်ကို ပိတ်၍ အိပ်ခန်းအတွင်း ဆွဲခေါ်ပြီး ၁၅ မိနစ်ခန့် အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်တန်းထားသည်။

ဇနီးဖြစ်သူသည် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်ကို ဇူလိုင်လ ၅ ရက်တွင် ခင်ပွန်းဖြစ်သူကို ပြောပြခဲ့ပြီး အလိုမတူဘဲ အဓမ္မသားမယားပြုကျင့်သူကို အရေးယူပေးရန် မြို့မရဲစခန်းတွင် တိုင်တန်းခဲ့သည်။

ထိုသို့တိုင်တန်းသည့်အတွက် မြို့မရဲ စခန်းတွင် ဂျာကြီး(ခ)တင်ဇော်အောင်အား (ပ)၅၂၇/၂၀၁၄ ပြစ်မှုပုဒ် မ-၃၇၆ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ရာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်