သံယောဇဉ်တွယ်ရစ်
နှစ်သက်ရပါသောခင်ပျိုမေရယ်။
ဒီမောင်မှာ အမှန်ချစ်လို့
တကယ်စုံမက်ပါသော်လည်း
ညှိမရတဲ့
အသက်ပိုင်းခြားရယ်ကြောင့်
တမာလိုခါး ခါးမသွားနဲ့ကွယ်။
ချစ်ခင်မိသူ ဒီမောင်မှာ
နွေမှာပွင့်လန်း
ပန်းကလေးပမာ
ညှိုးနွမ်းလို့ခွေ
ကြွေနေရပြီ။
တူနှစ်ကိုယ်စုံမက်ပါက
အသက်ပမာ
မည်မျှပင်
ပိုင်းခြားစေဦး
ထပ်တူတစ်ခုတော့
ကျရမြဲမို့
ဒီမောင်ကိုပြုစား နာကျင်အောင်
ဖန်တီးမပေးပါနဲ့လား ခင်ရယ်... ။
လွမ်းဆုလေး
0 comments:
Post a Comment