အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မော်ဒန်ရည်းစားစာ

မော်ဒန်ရည်းစားစာ

Written By MyanmarChnnel@ on Monday, July 7, 2014 | 10:22 PM

ချစ်ကို စပျစ်သီးလို အချစ်ကြီးခဲ့တာ တကယ်ပါ...
ရှောက်သီးလို လျှောက်ဖြီးတာ မဟုတ်ပါဘူး
မယုံရင် ဒူးရင်းသီးလို ဆူးနင်းပြီး လျှောက်ကြည့်ပါလား
နေကြာစေ့လို ရင်မှာပွေ့ပြီး
ထန်းမြစ်လို အရမ်းချစ်တာပါ ချစ်သူရယ်...
ဘူးသီးကြော်လို ရူးပြီးအော်နေတာလည်း မဟုတ်ပါဘူး
ဒညင်းသီးလို အပျင်းကြီးတဲ့ ချစ်ကို...
ကိုယ်ခွင့်လွှတ်နိုင်ပါတယ်
ငါးပိချက်လို အသိမခက်ပါနဲ့တော့ ...
တို့စရာနဲ့တူတဲ့ ကိုယ့်ကဗျာကို ဖတ်ပြီးရင် ပြန်ချစ်ပါတော့
မဟုတ်ရင် ဂျူးမြစ်လို အရူးဖြစ်ရပါတော့မယ်...

ဒါနဲ.မဆိုင်ပါဘူး

လန်ဒန်မြို့လယ် လမ်းမပေါ်၌ သူငယ်ချင်း မိန်းကလေးနှစ်ဦးဆုံမိပြီး စကားလက်ဆုံကျ လျက်ရှိသည်-

ပထမမိန်းကလေး ။ ။ မတွေ့တာကြာပြီနော်။

ဒုတိယမိန်းကလေး။ ။ အေး…….. အလုပ်တွေများနေလို့..

ပထမမိန်းကလေး ။ ။ ဘာတွေအလုပ်များနေတာလဲ ပြောစမ်းပါဦး..

ဒုတိယမိန်းကလေး။ ။ ဒီလိုဟာ ……. ငါနဲ့ စမစ်တို့ စေ့စပ်ထားတာ ဖျက်သိမ်းလိုက်ပြီ။

ပထမမိန်းကလေး ။ ။ ဟယ်…….. ဘာဖြစ်လို့လဲ။

ဒုတိယမိန်းကလေး။ ။ အရှင်းဆုံး ပြောရရင်တော့………… သူ့ကိုခံစားလို့ မရတော့ဘူး။

ပထမမိန်းကလေး ။ ။ ဟုတ်လား။

ဒုတိယမိန်းကလေး။ ။ ဟုတ်တယ်……….အဲဒါကြောင့် စေ့စပ်ထားတာ ဖျက်လိုက်တာ။

ပထမမိန်းကလေး ။ ။ ဒါနဲ့ ………… နင့်အင်္ကျီပေါ်က စိန်ရင်ထိုးက စမစ်နဲ့ စေ့စပ်ပွဲတုန်းက ပေးထားတာ မဟုတ်လား။

ဒုတိယမိန်းကလေး ။ ။ ဟုတ်တယ်……….. စမစ်ကို ခံစားလို့မရပေမယ့် ဒါနဲ.တော.မဆိုင်ပါဘူး။

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်