၎. ၇. ၂၀၁၄ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့
ဗိုလ်မြတ်ထွန်းလမ်း Century လက်ဘက်ရည်
ဆိုင်အနီးတွင် ယမန်နေ့ ညနေ (၃:၄၀)
နာရီ၌ ခြောက်ဘီးယာဉ် (I/9729)သည်
ကျောင်းဆင်းပြီးပြန်လာသော ငါးတန်းကျောင်းသူ မကေခိုင်ဦးအား ညာဘက်နောက်ဘီးနှင့် နင်းမိသောကြောင့် မကေခိုင်ဦးသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
“ စက်ဘီးနဲ့ကျောင်းသူလေးက လမ်းဘေးမှာ လမ်းပြောင်းပြန်ရပ်ထားတဲ့ ကားကြီးကိုရှောင်ရင်း ဟန်ချက်ပျက်ပြီး နောက်ကလာနေတဲ့ ခြောက်ဘီးကုန်ကားအောက်ကို ရောက်သွားတာ စက်ဘီးကတော့ ဘာမှမဖြစ်ပဲ လူက ကုန်ကားနောက်ဘီးနဲ့ ကြိတ်မိလို့ ပွဲချင်းပြီး သေရတာ ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
နောက်များကိုလည်း ကျွန်နော် လေ့လာရသမျှ သတင်းများနဲ့ နည်းပညာများကိုပြန်လည်

0 comments:
Post a Comment