အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ပေးဆပ်သူရဲ့ နှလုံးသား

ပေးဆပ်သူရဲ့ နှလုံးသား

Written By MyanmarChnnel@ on Saturday, August 16, 2014 | 9:58 PM



မျက်ရည်တွေနဲ့ ညွှတ်ကွင်းဆင်
မင်းလျှောက်မယ့်လမ်းမှာ 
ခင်းကျင်းပြသထားပြီး 
ငါ့ တစ်ယောက်ထဲအတွက် 
မတားဆီးရက်ပါဘူး ... 

မင်းပေးအပ်ခဲ့တဲ့ 
တွယ်တာမှု ကြင်နာမှု အောက်မှာ
တစ်သက်တာ ပေးဆပ်ခြင်းတွေက
မင်းကို မနွေးထွေးစေဘူးတဲ့လား .... 

နှလုံးသားကို တည် 
သတိတွေနဲ့ စားပစ်ခဲ့တာတောင် 
ရလဒ်နဲ့ အကြွင်းက 
အချစ်နဲ့ အလွမ်းတဲ့ ။

ခွဲခွာခြင်း သီအိုရီရဲ့ 
သင်္ကေတကို 
နားလည်နေပေမယ့် 
မင်းပေးခဲ့တဲ့ အနမ်းတွေကို 
တမ်းတမိတိုင်းမှာ 
ကြေကွဲခြင်း ၀မ်းနည်းခြင်းတွေက 
အသံတိတ် မျိုသိပ်ထားဖို့ 
သတိပေး ခေါင်းလောင်းထိုးနေခဲ့တယ်။ 

မင်းဘ၀သာယာဖို့ 
အပြုံးများနဲ့ တန်ဆာဆင်ထားတဲ့ 
ငါ့ အပြုံးတွေရဲ့ နောက်ကွယ်မှာ 
တစ်စစီ ပျက်သုန်းနေတဲ့ 
ငါ့ကမ္ဘာကို မင်းသာ တွေ့ခဲ့ရင် ..... 

*************************

တကယ်တော့ ... 
ငါ ဟာ ... မင်းဖြတ်သွားခဲ့တဲ့ 
လမ်းကလေးဘေးက 
ဖျတ်ခနဲ တွေ့ခဲ့မိတဲ့ 
ပန်းကလေး တစ်ပွင့်ပါ ။ 

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်