ပညာကို စုံအောင်သင်
မှားတာကို မှန်အောင်ရေး
ဝလုံးလေးဝိုင်းအောင်
လေ့ကျင့်ပေးခဲ့ ..
ငယ်စဉ်ကအမှား
ကြီးသည်ထိ မဖြစ်ရလေအောင်
မေတ္တာတုတ်ချက်
ကျောပေါ်တင်လို့
ချော့တလှည့် ခြောက်တစ်ခါ
လမ်းပေါ်ကို တင်ပေးခဲ့သူ...
ဘယ်မျှပင်ဆိုးသွမ်းစေအုံး
ခွဲခြားမဖယ်
ရင်ဝယ်သားကဲ့သို့
သွန်သင်ဆုံးမ
လမ်းမှန်ရောက်အောင်
ပြုပြင်ပေးခဲ့သူ ....
သူ ..ဟာ
ဆရာတစ်ယောက်
ဒုတိယ လက်ဦး
ဆရာတစ်ယောက်ပါ။
လွမ်းဆုလေး
0 comments:
Post a Comment