အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » လက်ကိုင်ဖုန်း ပေါက်ကွဲသည့် အန္တရာယ်

လက်ကိုင်ဖုန်း ပေါက်ကွဲသည့် အန္တရာယ်

Written By MyanmarChnnel@ on Sunday, August 3, 2014 | 9:10 PM


 



 

မည်သည့်လက်ကိုင်ဖုန်းမဆို လုံခြုံတယ်လို့ မရှိပါဘူး..သုံးစွဲသူရဲ့  ပေါ့ရော့မှုနဲ့  သတိမထားတာ နဲ့ အရည် အသွေးမကောင်းတဲ့  ပေါချောင်ပျက်လွယ်တဲ့ အပိုပစ္စည်းတွေကို ၀ယ်သုံးမိရာကနေ လက်ကိုင်ဖုန်း မီးလောင်ခြင်း- ပေါက်ကွဲခြင်းနဲ့  ဓါတ်လိုက်မှုတွေဖြစ်တတ်ပါတယ်။

အဓိက မီးလောင်ပေါက်ကွဲ စေနိုင်တဲ့ နေရာကတော့ ဖုန်းအတွင်းကဘက်ထရီအပြား လေးတွေ ပါဘဲ.. သူက ဗို့ အားပြင်းတယ်လေ ၊ နောက် ဖုန်းအားသွင်းကြိုးပေါက်နဲ့  ဓါတ်အားသွင်းတဲ့  ပလပ်အုံကိုတော့ ပေါ့ပေါ့ ဆဆနဲ့ မကိုင်တွယ်ဘို့ လိုတယ်။

ဘက်ထရီအပြားလေးက ဖုန်းတခုလုံး လည်ပါတ်နိုင်အောင် အားတွေသိမ်းထားပြီး ထုတ်ပေးနေ တဲ့နေရာ ဆိုတော့... မိုးရေထိတာ-အစိုပြန်တာဖြစ်နဲ့ လျှော့ဖြစ်ပြီး အတွင်းမှာ အလွန်ပူးလာမယ်-ပြီးရင်ကိုယ် က ပေါ့ပေါ့ဆဆနဲ့  ဘက်ထရီကြိုးတပ်လိုက်ရင် ဓါတ်လိုက်ပြီး စတွန့် သွားမှာ သေခြာတယ်။

ဒီလိုမျိုး ဘက်ထရီလျှော့ဖြစ်နေရင် အရင်ဆုံး ဓါတ်ခဲအပြားဟာပုံမှန်မဟုတ်-ဖေါင်းကြွလာပါလိမ့် မယ်-နောက်ပြီးညော်သလိုလို လို မီးလောင်တဲ့အနံ့  ဒါမှမဟုတ် ဖုန်းတခုလုံးပူလာမယ်ဆိုရင် တော့ သတိထားတော့။

ဖြစ်တတ်တာများတဲ့သူတွေကတော့ ချစ်ချစ်နဲ့ အကြာကြီးဖုန်းပြော ပြီးရင်စိတ်ကူးတွေယာဉ်ပြီး ပလပ်ပေါက် တန်းလန်းကြီးထား ..ခေါင်းအုံးအောက်မှာ ဖုန်းကိုထိုးအိပ်ပျော်တတ်သူတွေ၊ မိုးရွာထဲမှာ ထီးဆောင်း လမ်းလျှောက်ရင်း ဖုန်းနဲ့ ကြူနေတဲ့ ကိုကိုမမတွေ မိုးကြိုးပစ် နိုင်ပါ တယ်။ကြိုးတန်းလန်း နဲ့ ဂိမ်း အကြားကြီးကစားတတ်တဲ့ ခလေးတွေ၊ နောက်ပြီးအား ပြည့်နေတာကို ကြိုးမဖြုတ်ဘဲ ဆက်တတ်ထား တတ် သူတွေပါဘဲ။

နောက်တခုက အားသွင်းကြိုးပေါက်နေရာလည်း ခဏခဏ ထိုးလိုက်ထုတ်လိုက်လုပ်ပါများ တော့ချောင်ပြီး အထဲက လျှက်စစ်ကူးတဲ့  ကြေးပြားလေးတွေ နေရာမမှန်ရာကနေ မီးထလောင်တတ်ပါတယ်၊ အဲဒိအပေါက် က ဓါတ်လိုက်တာအဖြစ်များတယ်၊ ဒါကြောင့်အားသွင်းကြိုး ထိုးတဲ့အခါ တယုတယနဲ့ ငြင်ငြင်သာသာလေး ထိုးတတ်ဘို့ ပါဘဲ။

နောက်ပြီးတော့ ခလေးတွေကိုလည်း လက်လွတ်စပါယ် အားသွင်းကြိုးမထိုးခိုင်းသင့်ဘူး ဖြစ်နိုင်ရင်တော့ လုပ်ပုံကို သေခြာပြထားရပါလိမ့်မယ်။

နောက်ဆုံးနေရာက ပင်မပလပ်ပေါက်နဲ့ ဆက်သွယ်ပေးတဲ့  အားသွင်းကြိုးရဲ့ adapter အပိုင်းပါ၊ တချို့ ဖုန်းတွေ ရဲ့  အားသွင်းကြိုးတွေ မျိုးတူပေမယ့် ဈေးပေါပေါနဲ့  ပြည်တွင်းကိုဝင်လာတဲ့  "မိတ်အင် ချီးနား "အပိုပစ္စည်း တွေ က အပျက်မြန်ပြီး လျှက်စစ်ကိုထိမ်းညိပေးမယ့် မူရင်းပုံစံမျိုး မဟုတ်ဘဲ USB လိုအပေါက်နဲ့ မို့  တိုက်ရိုက် ဆက်ပေး ထားတဲ့ အတွက် သတိထားရပါမယ်။


Ref ;  စိတ်ကူးပျော်ရာ 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်