သူက အတ္တနဲ့
ကျွန်မဆီ လာတယ်..
ကျွန်မက မာနနဲ့ ဆီးကြိုတယ်။
သူက နာကျင်မှုနဲ့
ကျွန်မဆီလာတယ်..
ကျွန်မက နာကျည်းမှုတွေနဲ့ ဆီးကြိုတယ်။
သူက ဝေဒနာတွေ တစ်ပွေ့တစ်ပိုက်နဲ့
ကျွန်မဆီလာတယ်...
ကျွန်မဆီ လာတယ်..
ကျွန်မက မာနနဲ့ ဆီးကြိုတယ်။
သူက နာကျင်မှုနဲ့
ကျွန်မဆီလာတယ်..
ကျွန်မက နာကျည်းမှုတွေနဲ့ ဆီးကြိုတယ်။
သူက ဝေဒနာတွေ တစ်ပွေ့တစ်ပိုက်နဲ့
ကျွန်မဆီလာတယ်...
ကျွန်မက လွမ်းဆွေးခြင်းတွေနဲ့ တွန်းထုတ်ခဲ့တယ်။
သူနဲ့ကျွန်မ
အချစ်ကို ရင်တွင်းတစ်နေရာမှာထားပြီး
မာနတိုက်ပွဲ ကျင်းပနေသမျှ
ကျွဲနှစ်ကောင်ခတ်ရာ မြေဇာပင်ဖြစ်ရသူက
နှလုံးသားလေးတွေ ...
မာန် အငြိုးတွေ မကျေသေးသမျှ
နှလုံးသား အခန်းကျဉ်းမှာ
သေဆုံးနေရအုံးမယ့် အချစ်တွေပါ
ချစ်သူရယ်... ။
လွမ်းဆုလေး
0 comments:
Post a Comment