အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » မောင့်အတွက်ဆိုလျှင် ...

မောင့်အတွက်ဆိုလျှင် ...

Written By MyanmarChnnel@ on Sunday, August 17, 2014 | 11:07 PM




အချစ်ဆုံးကိုမှ 
ဝေဒနာတွေ ပေးနေမိတဲ့ 
မိုက်မဲ့တဲ့ ချစ်သူလေး တစ်ယောက်ပါ ။ 

ခံစားချက်ကို ထိန်းချုပ် 
မောင်ပျော်အောင် မထားနိုင်ခဲ့တဲ့
မေ့ရဲ့ အားနည်းချက်တွေကြောင့် 
မောင် ဘယ်မျှ စိတ်နာနေမလဲ 
ဘယ်ထိ စိတ်ဆိုးနေမလဲ ဆိုတာလဲ 
သိပါတယ် ။ 

နာကျင်တာတွေကို စု
မောင့်ဆီမှာ ရင်ဖွင့်မိတဲ့ မေ့ အတွက် 
မောင် ရဲ့ တန်ပြန် အကျိုးပြုရလာဒ်တိုင်းကို
ကျေနပ်စွာ ခံယူပါမယ်။ 

မောင်နဲ့ ပတ်သက်သမျှ 
မေ အဆုံးထိ နားလည်ပေးပါတယ်
တစ်ရံတစ်ခါမှာ 
မေ့နှလုံးသားက ဖြစ်သင့်တာထက် 
ဖြစ်ချင်တာကိုသာ ဦးစားပေးတတ်လွန်းလို့
မောင့်အတွက် စိတ်ရှုပ်စရာတွေ ဖြစ်ခဲ့ရတာပါ။ 

မည်မျှပင်နာကျင်နေပါစေ 
ဘယ်မျှ တမ်းတနေပါစေ
အဆုံးမရှိ လွမ်းဆွတ်နေရပါစေ 
မောင့် အတွက် အဆုံးထိ ပေးဆပ်ထားသူပါ။

တစ်ကြိမ်တစ်ခါ မှားတတ်တဲ့ 
မေ့ ဆန္ဒကို နားလည်ပေးဖို့ မတောင်းဆိုပါဘူး..
မောင် ပျော်မယ်ဆို 
အခန်းငယ်ထဲမှာ အမှောင်ချ 
ငိုကြွေးရင်းနဲ့ မောင့်ကို 
အားပေးနေမယ့်သူပါ မောင်ရယ်။

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်