အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » သံစဉ်မဲ့ခဲ့သော ..

သံစဉ်မဲ့ခဲ့သော ..

Written By MyanmarChnnel@ on Sunday, August 17, 2014 | 11:09 PM


တစ်ချိန်က ဆိုတဲ့ စကားလုံးများ 
ငါ့နားထဲ ၀င်ရောက်ခဲ့တိုင်း
ခါးသက်သက် အလွမ်းမုန်တိုင်းတွေက 
ငါ့ရင်တစ်ခုလုံး မွှေနှောက်ပစ်တယ်။ 

အတိတ်ဆိုတာ ကြားမိတိုင်း
ဖြေမရတဲ့ နာကျင်မှုတွေနဲ့ 
အခန်းငယ်ထဲမှာ 
ငါ့ကမ္ဘာကို အမှောင်ချ
လူသူမသိ ဒဏ်ရာများကို
နာကျင်စွာ ပေါက်ကွဲမိတယ်။ 

အမှတ်တရ တွေကို မြင်လိုက်မိတိုင်း 
မမေ့နိုင်သေးတဲ့ ရင်တစ်ခြမ်းက 
အတင်းရုန်းထွက် 
သူ့နားကို ပြေးချင်နေမိတယ်။ 

လမ်းခွဲခြင်းဆိုတဲ့ 
တစ်ခန်းရပ် မေးခွန်းအောက်မှာ 
အလူးအလိမ့်ခံစားရင်း 
မျှော်လင့်ခြင်းရောင်ခြည်အောက်မှာ 
ရှိနေချင်မိတယ်။ 

ဒါပေမယ့် ချစ်သူရယ်.... 
လမ်းခွဲပြီးမှ မလွမ်းရဲလို့ 
ပြန်လာတဲ့ သူ ဆိုတာ ရှိမှ မရှိခဲ့တာ

ဖြတ်ပြီးတဲ့ကြိုး ပြန်ဆက်မယ်ဆိုတောင် 
ဆက်ထုံးတစ်ခုကြောင့် 
မကြာခင် ပြတ်ထွက်သွားနိုင်တယ်ဆိုတာ 
သိနေပေမယ့် 

တီးနေကျ သံစဉ်တစ်ခုမှာ 
ကြေးနန်းတစ်ချောင်း 
ပြတ်ထွက်သွားသလိုမျိုး 
မလှပတဲ့ သီချင်းတစ်ပုဒ်နဲ့ 
အဆုံးသတ်ရခဲ့ကြပြီပဲလေ ။

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်