ဝက်ဘ်ဆိုက်များမှ newsletter များကို ရယူထားသူများ အနေဖြင့် email များ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလောက်အောင် ဝင်ရောက်လာပါက unsubscribe ပြုလုပ်နိုင်သည်။ အဆိုပါ email များတွင် unsubscribe link ပါဝင်သော်လည်း အချို့မှာ စာလုံးအသေးဖြင့် ပြုလုပ်ထားသလို အချို့ကလည်း အလွယ်တကူ unsubscribe ပြုလုပ်နိုင်ရန်အတွက် ထင်သာမြင်သာရှိအောင် ပြုလုပ်ပေးထားသည်။
Gmail အသုံးပြုသူများ အနေဖြင့် email ၏ ထိပ်ဘက်ပိုင်း သို့မဟုတ် အောက်ဆုံးဘက်တွင် Unsubscribe link ကို ရှာဖွေပြီး ၎င်းကို နှိပ်ကာ unsubscribe လုပ်နိုင်သည်။
Outlook တွင်မူ Unsubscribe link ကို message window ၏ အောက်ဘက်တွင် တွေ့မြင်နိုင်သည်။
Ref: အင်တာနက်ဂျာနယ်
0 comments:
Post a Comment