ဘ၀ဆိုတာ ..
ခဏတာကုန်ဆုံး
ဘာမှ မကြာတဲ့
အချိန်ကာလ တစ်ခုပါ။
တစ်နေ၀င် တစ်နေထွက်
တစ်ချက်ချက် မြည်နေတဲ့
နာရီလက်သံတွေက
ကိုယ့်ကို သတိပေး
သေခြင်းတရားကို ရင်ဆိုင်ဖို့
လမ်းပြနေသလိုပါပဲ..။
ဒါကို လူတွေ မသိကြပါဘူး
ဒါကို လူတွေ မမြင်ကြပါဘူး
ဒါကို လူတွေ နားမလည်ကြပါဘူး
ဒါကို လူတွေ စိတ်မ၀င်စားကြပါဘူး ...။
ကုန်ဆုံးသွားတဲ့ နေ့ရက်တွေကို
အစားပြန်မရတော့ပါဘူး
တရွေ့ရွေ့ထွက်ခွာသွားတဲ့ အချိန်တိုင်းမှာ
ကိုယ့်အတွက် လက်ကျန်နာရီတွေက
လျော့သွားတာပဲ ဖြစ်နေပါလိမ့်မယ်။
ဘ၀ခရီးမှာ ခဏတာ ကောင်းကျိုးအတွက်
သံသရာအထိ နစ်မွန်းမသွားဖို့
ကိုယ့်ကိုယ်ကို လမ်းပြ
ကိုယ်တိုင်လမ်းမှန်ရောက်ဖု
ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါစေ။
ဘ၀ဆိုတာ ..
သစ်ရွက်လေး တစ်ရွက်လို
နွေဦးကာလရောက်ရင်
ဝါရော်နေလို့
ညှာတံမခိုင်ပင်ခြေ ကျ
မြေခ ရတဲ့ ရွက်ကြွေ နဲ့ တူတယ်။
စိမ်းနေတုန်းမှာ
နုပျိုနေဆဲကာလမှာ
ကိုယ့်အတွက် လိုအပ်တာတွေ
ရှာယူရင်းနဲ့ ရွက်ဝါ ဘဝ
ရောက် သွားတဲ့အချိန်
ဇရာထောက်မှ ဘာတရားမှ
မရလိုက်ပဲ သံသရာမှာ
တစ်ခါ ပြန်မနစ် ဖို့ ဆုတောင်းရင်း ..
လွမ်းဆုလေး
0 comments:
Post a Comment