အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » နှုတ်ဆက်အလွမ်း

နှုတ်ဆက်အလွမ်း

Written By MyanmarChnnel@ on Tuesday, September 16, 2014 | 3:08 AM



နက်ရှိုင်းစွာခင်မိ
ရင့်သန်စွာ တွယ်တာ
ဖြတ်မရတဲ့ သံယောဇဉ်ကြိုးတွေ
ခိုင်မြဲစွာ ချည်နှောင်ထားပြီမှ
ခွဲထွက်သွားဖို့ မတွေးခဲ့ပေမယ့်
အချိန်တန်ရင် အိမ်ပြန်ရမယ်ဆိုတာ
သိနေခဲ့တယ်။

ကိုယ်ချစ်တဲ့လူတွေနဲ့
မခွဲခွာလိုပါဘူး
သူတို့နဲ့အတူ ထာဝရ
တည်ရှိချင်တယ်။

ဒါပေမယ့်လေ...

ဘ၀အရေးက
ဝင်ဖက်လာတော့
မခွဲချင်ပေမယ့်
လက်ပြရတော့မယ်
မလွမ်းချင်ပေမယ့်
မျက်ရည်လေးတွေ
ဝိုင်းရတော့မယ်။

နောင်တစ်နေ့မှာ ပြန်ရောက်လာရင်
ခုလို နွေးထွေးစွာ
ကြိုနေမှာလားဆိုတာ မသေချာပေမယ့်
ဟောင်းမသွားတဲ့ သံယောဇဉ်နဲ့
အချိန်တိုင်းမှာ သတိရနေအုံးမယ်။

တစ်ခါတစ်ရံမှာ
တိုက်ဆိုင်မှုတွေ ရှိလာခဲ့ရင်
သတိရပေးပါလို့
တောင်းဆိုရင်းနဲ့

ကိုယ့်ရဲ့ဘ၀ မီးအိမ်အတွက်
အားလုံးနဲ့ ခဏတာ
ခွဲခွာပါအုံးမယ်...

ပျော်ရွှင်ခြင်းမဟုတ်ပေမယ့်
ပြုံးပြရင်းနဲ့ နှုတ်ဆက်ကြမယ်
မနက်ဖြန်အတွက်
မျှော်လင့်ချက်နော် ... ။

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်