အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » တရားခံက ငါလား ?

တရားခံက ငါလား ?

Written By MyanmarChnnel@ on Tuesday, September 16, 2014 | 3:12 AM





ငါ့ရဲ့ ဘ၀ ငါ့မာနကို
ကစားစရာ အရုပ်တစ်လို
လွှင့်ချင်ရာ လွှင့်
ပစ်ချင်ရာ ပစ်ခဲ့ပေမယ့်
ငါ ကိုယ်တိုင်က ချစ်နေတော့လဲ
နာတာကို ပျော်စရာအဖြစ်
ဖန်တီးပေးခဲ့ပါတယ်..

ငါ့ရဲ့ အိပ်မက် ငါ့အနာဂတ်ကို
မီးလောင်တိုက် သွင်း
ပြာ အတိကျအောင် လုပ်ခဲ့ပေမယ့်
ငါကိုယ်တိုင် မြတ်နိုးနေတော့လဲ
ဝေဒနာကို ရယ်စရာအဖြစ်
ဆက်သခဲ့ပါတယ်..

ငါ့ရဲ့ စိတ်ကူး ငါ့မျှော်လင့်ချက်ကို
တစ်စစီရိုက်ချိုး
အပိုင်းပိုင်းစီ ခြေမွခဲ့ပေမယ့်
ငါကိုယ်တိုင် တမ်းတနေဆဲမို့
ဒဏ်ရာကို ကြည်နူးစရာအဖြစ်
ပြောင်းလဲခဲ့ပါတယ်..

အပိုင်းပိုင်းကြေ တစ်စစီ ပျက်သုန်းခဲ့တဲ့
နုနယ်လှတဲ့ ငါ့နှလုံးသား
မဆွတ်ခင်က ညွှတ်ချင်ခဲ့လို့
မင်းပေးသမျှ သင်္ခန်းစာအောက်မှာ
ဒူးထောက်လျှက်နဲ့ နောင်တတွေလဲ ရနေခဲ့ပါပြီ..

ပျော်စရာဆိုတာ ဝေး
မျက်ရည်တွေသာ ပေးခဲ့တဲ့ အချစ်ဆီက
ငါနဲ့ မထိုက်တန်သေးလို့ နေမှာ ဆိုပြီး
အားတင်းထားတဲ့ ငါ့အနားက
မင်းထွက်ခွာသွားခဲ့တာတောင်
ဒါတွေအားလုံးရဲ့ တရားခံဟာ
ငါပါ လို့ စွဲချက်တော့ မတင်ခဲ့ပါနဲ့ ဟာ...

ဒဏ်ရာတွေ ပရပွနဲ့
အထီးကျန်ဆန်ဆန် နေရမဲ့ ငါ့အနား
ပြန်လာဖို့ မတွေးခဲ့ရင်တောင်
ငါ့အတွက် သနားစိတ်လေး
နဲနဲလောက်တော့ ထည့်ပေးပါ ချစ်သူရာ ... ။

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်