အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » မလုိအပ္ဘူးဆုိ ရဲရဲသာ ထားခဲ့လုိက္ပါ ...

မလုိအပ္ဘူးဆုိ ရဲရဲသာ ထားခဲ့လုိက္ပါ ...

Written By MyanmarChnnel@ on Tuesday, September 16, 2014 | 3:21 AM




မောင်ပြောသမျှ

နှလုံးသားနဲ့ ရင်းမှတ်ထားခါမှ

အယုံလွယ်သူအဖြစ်

ကျရှုံးသွားတာလား မောင်... ။


မောင် ဆိုသမျှ

ရင်ဘတ်တစ်ခုလုံးနဲ့ သိမ်းဆည်းထားလေမှ

ပျော့ညံ့သူအဖြစ်

ထင်မြင်သွားခဲ့တာလား မောင် ... ။


မောင် နှုတ်ဖျားက စကားလုံးတိုင်း

အမှန်တကယ်လို့ ယုံကြည်ထားလိုက်မှ

အရူးတစ်ယောက်လို ဖြစ်သွားခဲ့တာလား မောင် .. ။


အရှုံးများနဲ့ မောင့်ရှေ့မှာ ဒူးလာထောက်ဖို့

မျှော်လင့်နေတာလား ...

ခွဲမသွားဖို့ တောင်းဆိုလာမယ်လို့

ထင်နေတာလား ..

ငါ မရှိပဲ မင်းမနေတတ်ပါဘူးကွာ ဆိုပြီး

ဟားတိုက်နေတာလား မောင် .. ။


မောင် သေချာ မှတ်သွားစမ်းပါ

မောင် ဆိုတဲ့ လူ မရောက်ခဲ့ခင်က

တစ်ယောက်ထဲ နေခဲ့တာပါ..

အရှုံးပေးလိုက်တာ မဟုတ်ဘူး

ချစ်လွန်းလို့ နားလည်ပေးလိုက်တာ ..

ပျော့ညံ့ခဲ့တာ မဟုတ်ဘူး

နာကျင်အောင် မလုပ်ချင်ခဲ့တာ ..

အရူးတစ်ယောက် ဖြစ်နေတာ မဟုတ်ဘူး

ရူးချင်ယောင်ပဲ ဆောင်ပေးခဲ့တာပါ။


အချစ်တစ်ခုဆိုတာ

အသစ်တစ်ခါ ပြန်မဖြစ်လာမှန်းသိပေမယ့်

ကျွန်မ အချစ်က မောင့်အတွက် အရာမရောက်ခဲ့ဘူးဆိုရင်

ရဲရဲသာ ထားခဲ့လိုက်ပါ။


ကျွန်မပေးခဲ့တဲ့ အချစ်ကို

မရှင်သန်နိုင်အောင် အဆိပ်ရေလောင်းခဲ့ပေမယ့်

မောင် နဲ့ အတူရှိခဲ့ဖူးတဲ့ နေရာဟောင်းမှာ

အပင်အိုတွေ ခြောက်နေလဲ

ဒီနေရာ ထိုင်ခုံဟောင်းမှာ

ကျွန်မတစ်ယောက်ထဲ နေရစ်ခဲ့မယ်မောင်။


ဒါပေမယ့်

မောင့်ကို စောင့်နေတာ မဟုတ်ဘူး

တစ်ချိန်က ကျွန်မ သိခဲ့ဖူးတဲ့

ကျွန်မ ချစ်သူ မောင် ရဲ့ အငွေ့သက်လေးတွေကိုပဲ

လာရောက် နားဆင်တာပါ။



Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်