အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » AutoCAD မှာကိုယ်လိုရာ ပုံသွင်းရန်

AutoCAD မှာကိုယ်လိုရာ ပုံသွင်းရန်

Written By MyanmarChnnel@ on Monday, August 12, 2013 | 7:33 AM


AutoCADကိုအမိန့်ပေးတဲ့အခါ ကိုယ်လိုရာ ပုံသွင်းဖို့ အရာဝထ္တုလေးတွေကို ထုတ်နုတ်ရွေးချယ် ရပါတယ်။ ထိုသို့ ရွေးချယ်ရာ၌ တိတိကျကျ မှန်မှန်ကန်ကန် ရွေးချယ်ရန် အင်မတန် လိုအပ်ပါတယ်။ တစ်ခုခုကို ဖန်တီးဖို့ အမိန့်ပေးလိုက်တိုင်း ဘယ်အရာကို ရွေးချယ်မှာလဲလို့ ပုံဆွဲသူကို ပြန်ပြန်မေးတတ်ပါတယ်။ ထိုအခါ အရာဝထ္တု တစ်ခုချင်းကို ရွေးချယ်နိုင် သကဲ့သို့ အစုအစည်းလိုက်ကိုလဲ ရွေးချယ်နိုင်ပါတယ် ။ ရွေးချယ်မှု ကိုလည်း တစ်ကြိမ်မက အကြိမ်ကြိမ် ရွေးချယ်နိုင်ပါတယ်။ တစ်ခါရွေးချယ်ပြီးတိုင်း ထပ်မံရွေးချယ်အုန်းမှာ လား ဆိုတဲ့ မေးခွန်းမျိုးကို မေးသလို ရွေးချယ်ပြီးသော အရာဝထ္တုလေးများမှာ Dash Lineအသွင် ပြောင်းလဲ သွားပါတယ်။ ထပ်မံ မရွေးချယ်လိုတော့ဘူး ဆိုရင်တော့ Enter ကိုရိုက်လိုက်နိုင်ပါတယ်။ Keyboard မှအမိန့်ပေး စရာမလိုပဲ အလွယ်တကူ ရွေးချယ်တဲ့ နည်းလမ်း ( ၃ ) သွယ်ရှိပါတယ်။

ပထမနည်းက ကြက်တွေ အစာကောက်သလို တစ်ခုချင်းဆီကို Mouse နဲ့ Click လုပ်ပြီး ရွေးချယ်နည်းပါ။ ဒုတိယနည်းနဲ့ တတိယနည်းကတော့ အစုအစည်းအလိုက် ရွေးချယ်တာပါ။ Mouse ကို ဘယ်ဘက်မှာ   ထောက် ပြီး ညာဘက်အောက်ကို ဆွဲယူပြီးရွေးချယ်ခြင်း ဖြစ်ပါတယ်။ ထိုအခါ ဘောင်ထဲကို အပြည့်အ၀ ၀င်နေတဲ့ အရာဝထ္တုတွေသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ အပြည့်အ၀ မဟုတ်ပဲ တစိတ်တဒေသသာ ပါဝင်နေ တဲ့ အရာဝထ္တုတွေကိုတော့ ရွေးချယ်မှာ မဟုတ်ပါဘူး။

ညာဘက် အောက်ထောင့်ကနေ ဘယ်ဘက်အပေါ်ကို ဆွဲယူပြီး ရွေးချယ်မယ် ဆိုရင်တော့ ဘောင်ထဲမှာ အပြည့်အ၀ ပါဝင်နေသော အရာများအပြင် တစိတ်တဒေသသာ ပါဝင်သော အရာများကိုပါ ရွေချယ် မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေဟာ ပုံဆွဲသူတွေ အများဆုံး အသုံးပြုတဲ့ အရာဝထ္တု ရွေးချယ်နည်းတွေပါ။ Keyboard မှတဆင့် အသုံးပြုတဲ့ နည်းလမ်းတွေကတော့ အသုံးပြုသူ နည်းပါးသောကြောင့် နောက်မှ ထပ်မံဆွေးနွေးပါမယ် ။ ။ ။
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်