အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ကျန်းမာရေးအတွက်စားသင့်တဲ့ မျောက်ငိုသီး

ကျန်းမာရေးအတွက်စားသင့်တဲ့ မျောက်ငိုသီး

Written By MyanmarChnnel@ on Wednesday, October 9, 2013 | 8:20 PM

ကျန်းမာရေးအတွက်စားသင့်တဲ့ မျောက်ငိုသီး
****************************
ဆေးပညာရှင်များ လေ့လာစမ်းချက်အရ မျောက်ငိုသီးမှာ သဘာဝသကြားသုံးမျိုးရှိတာကိုတွေ့ရတယ်။

သစ်သီးသကြား ၊ဂလုးကို့စ်၊ ကြံသကာ တို့ဖြစ်ပါတယ်။ မျောက်ငိုသီးမှာအမျှင်ဓာတ်များပါဝင်တာမို့
အားအင်ကိုဖြစ်စေပါတယ် ။ မျောက်ငိုသီးထဲမှ Tryptophan ဓာတ် က လူခန္ဓာကိုယ်ထဲရောက်တဲ့အခါ Serotonin အဖြစ်သို့ပြောင်းလဲသွားသောကြောင့်စိတ်ကိုပေါ့ပါးစေ ပြီး စိတ်နေစိတ်ထားကိုပြောင်း လဲပေးတာမို့ စိတ်ဖိအားကိုလျှော့စေနိင်စွမ်းအားရှိပါတယ်။

ဗီတာမင် B6 ပါရှိပြီးသွေးချိုကိုမျှတအောင်ညှိပေးနိင်တာမို့ စိတ်ကိုပျော်ရွှင်လန်းဆန်းစေပါတယ် ။
မြင့်မားသောသံဓာတ်ပါရှိတယ်။

မျောက်ငိုသီးရဲ့နိုးဆွမှုကြောင့်သွေးထဲမှ (hemoglobin) သွေးနီဥကို ကိုထုတ်လုပ်နိင်တာမို့သွေး အားနည်းတဲ့အခါ အထောက်အကူပြုနိင်ပါတယ်။

အပုပိုင်းဒေသမှာပေါက်ပြီး ထုးခြားတဲ့မျောက်ငိုသီး မှာ ပိုတက်ဆီယမ် (potassium) အများဆုံး ပါဝင်ပေမယ့် အငံဓာတ်က နည်းပါးတာမို့ အမေရိကန် စားသောက်ကုန်နှင့်ဆေး ဆိုင်ရာဌာနက မျောက်ငိုသီးပာာ သွေးပေါင် ကိုကျစေပြီး လေဖြတ်ခြင်းမှကာကွယ်ပေးနိင်ကြောင်း မျောက်ငိုသီးရဲ့စွမ်းအားကို မှတ်တမ်းထားပါတယ်။

နှလုံးရောဂါအတွက်လည်း အထောက်အကုပြူပါတယ်။

နေ့တိုင်း မနက်စာ ၊ နေ့လည်စာတွင်မျောက်ငိုသီးကိုစားရင် ဦးနှောက်အတွက် အထောက်အကူပြုနိင် ပါတယ်။

ပိုတက်ဆီယမ် များပါတာမို့အသိဥာဏ် ပိုကောင်းလာခြင်း စိတ်ပျော်၇ွှင်လန်းဆန်းစေပါတယ်။

အမျှင်ဓာတ်များပါဝင်တာမို့ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိင်ပါတယ်။

မျောက်ငိုသီး နှင့် ပျားရည်တို့စားခြင်းဖြင့် (အရက်မှုး )အမှုးပြေစေပါတယ်။

မျောက်ငိုသီးနှင့် ပျားရည်က အစာအိမ်ကိုအနားယုစေပြီးသွေးချိုကို ညီမျှအောင်ညှိပေးနိင်စွမ်းရှိပါတယ်။

မျောက်ငိုသီးက လုခန္ဓာကိုယ်ထဲကိုရောက်တဲ့အခါ သဘာဝ ခုခံနိင်သောအက်စစ် ဖြစ်သွားတာမို့ အစာအိမ်မကောင်းသူများအတွက်မကြာခဏ စားသုံးသင့်ပါတယ်။

ဝိတ်ကျ နိင်စွန်းအားရှိပါတယ်။

ကိုယ်ဝန်ရှိနေစဉ် မျောက်ငိုသီး စားခြင်းဖြင့် မျောက်ငိုသီးကသွေးချိုကိုညှိပေးနိင်တာမို့ အော့အန်ခြင်းကို ကာကွယ်ပေးနိင်ပါတယ်။

ခြင်ကိုက်ခံရတဲ့ နေရာကိုမျောက်ငိုသီးလိမ်းပေးခြင်းဖြင့် အရေပြားယားယံ ရောင်နေခြင်းနှင့် နာကျင်မှု ကိုလျှော့စေတယ်။

မျောက်ငိုသီးတွင်ဗီတာမင် ဘီ ဓာတ်များပါဝင်တာမို့အာရုံကြောအတွက်အထောက်အကူပြူပါတယ်။

မျောက်ငိုသီးတွင် Vit B6 , V12 ၊ ပိုတက်ဆီယမ်နှင့် မက်ဂနီဆီယမ် ပါဝင်တာမို့ ကိုယ်ခန္ဓာပြန် လည်ကောင်းမွန်အထောက်အကူပြုပါတယ်။

ဆေးလိပ်ဖြတ်ရာတွင် နီကိုတင် (Nicotine ) ပျက်စေတယ်။

"New England Journal of Medicine" လေ့လာချက်အရမျောက်ငိုသီး မကြာခဏ စားတဲ့သူက လေဖြတ်သေဆုံးရခြင်း အန္တရာယ်မှ ကင်းဝေးနှုန်း၄၀% ရှိပါတယ်။

မျောက်ငိုသီးက ပန်းသီးထက် အသားဓာတ် လေးဆ (protein)၊ ကာဗွန်ပိာုက်ဒိုက် နှစ်ဆ( carbohydrate) ၊ ဖော့စရပ် သုံးဆ( phosphorus) ၊ ဗီတာမင်အေနှင့် သံဓာတ်က ငါးဆ။ အခြားဗီတာမင်နှင့် ပိုတက်ဆီယမ်များပါဝင်တာမို့ကျန်းမာရေးအတွက်အသင့်တော် ဆုံးအစားအစာ ဖြစ်ပါတယ်။

နေ့တိုင်းမျောက်ငိုသီးစားရင် ဆရာဝန်နဲ့ ကင်းဝေးတယ်လို့ ပြောကြပါတယ်။

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ..........
မျောက်ငိုသီး (Petai) က မလေးရှား ၊ ထိုင်း ၊ အင်ဒိုနီးရှား ၊ စင်ကာပု ၊ မြန်မာနိင်ငံများတွင် ရှိပါတယ်။ ဒညင်းသီးလို အနံ့ အရသာတုတယ်လို့သိရပါတယ် ။ ဒညင်းသီး အစား မျောက်ငိုသီး စားတာက ကျန်းမာရေးနဲ့ ပိုသင့်လျှော်ပါတယ် ။ ဈေးလည်းချိုအလွယ်တကုရနိင်တဲ့ အစားအစာမို့ သူငယ်ချင်းတွေ ကိုမျှဝေ ပေးလိုက်ပါတယ် ။

သူငယ်ချင်းများအားလုံးကျန်းမာပါစေ ~~~
                                                    (ဆုလေးနွယ်)
                                                  http://lwansulay.blogspot.com/
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်