ချစ်သူတိုင်းရဲ့ မနက်ဖြန်က ပျော်ရွှင်ကြည်နူးခြင်းဆိုရင်
ငါချစ်တဲ့မင်းနဲ့ မနက်ဖြန်တိုင်းက စိတ်ချမ်းသာခြင်းသာ ဖြစ်ချင်ပါတယ်။
ချစ်သူတိုင်းရဲ့ နောက်ဆုံးမျှော်လင့်ခြင်းက ဆုံဆည်းခြင်းဆိုပါရင်
ငါချစ်တဲ့မင်းနဲ့ နောက်ဆုံးကလဲ အတူ ရှိချင်းသာဖြစ်ချင်ပါတယ်။
ချစ်သူတိုင်းရဲ့ ရည်ရွယ်ချက်က ထာဝရလက်တွဲဖို့ဆိုရင်
ငါချစ်တဲ့မင်းနဲ့ တစ်သက်ရွှေလက် တွဲချင်ပါတယ်။
ချစ်သူတိုင်းရဲ့ အိပ်မက်တွေက နှစ်ယောက်တစ်ကမ္ဘာဆိုရင်
ငါချစ်တဲ့မင်းနဲ့ ကမ္ဘာအဆက်ဆက် နှစ်ကိုယ်တစ်စိတ်ဖြစ်ချင်ပါတယ်။
ချစ်သူတိုင်းရဲ့ အနာဂတ်က အတူရှိခြင်းဆိုရင်
ငါချစ်တဲ့မင်းနဲ့ အနာဂတ်က ပေါင်းစည်းခြင်းသာ ဖြစ်ချင်ပါတယ်။
ဆုလေးနွယ်
ငါချစ်တဲ့မင်းနဲ့
Written By MyanmarChnnel@ on Monday, August 12, 2013 | 7:35 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment