အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » အစားမရတော့တဲ့ အမေ့အိမ်

အစားမရတော့တဲ့ အမေ့အိမ်

Written By MyanmarChnnel@ on Monday, August 12, 2013 | 7:54 PM

ငယ်စဉ်ခဏ ရှိနေစဉ်က
သောကအပူကင်းလို့
လိုချင်တာကို မရ ရအောင် တောင်းခဲ့တိုင်း
သားသမီးအလိုကျ ပြည့်အောင်ဖြည့်ဆည်းခဲ့တဲ့
အမေ့အိမ်။

ဒုက္ခဆိုတာ ဘာလဲလို့ မေးယူရလောက်အောင်
အဖေအမေမေတ္တာတွေနဲ့ ကာကွယ်ထားစဉ်က
လောကကြီးကို စမ်းသပ်ကြည့်ချင်တယ်လို့ ပြောမိစဉ်က
လောကကြီးက မာယာများတယ် သမီးရယ်တဲ့။

လောကကြီးဆိုတာ ကြံ့ကြံ့ခံနိုင်မှာ လောကဓံအလယ်
သမီးပြုံးနိုင်မှာ စာကြိုးစားပါသမီးရယ်.....
ပညာတတ်မှ လူရာဝင်တာကွဲ့လို့ ဆုံးမတိုင်း
အမေပြောနေကျစကားလုံးတွေ။

အတောင်စုံရင် ပျံသွားကြမှာ
အဲချိန်ကျရင် ပြန်လာချင်တယ်ပြောလဲ
ခုလိုနေခွင့်မရတော့ဘူး
စည်းတွေနဲ့ ခြားနားတော့မှာ
အတူရှိချိန်လေးမှာ အေးချမ်းစွာနေပါ
ငြိမ်းချမ်းစွာ အနားယူပါ
ဒါတွေက တစ်ချိန်အားဖြစ်မှာလို့
အမေမှာခဲ့တဲ့စကား ......

ခုတော့ နားလည်ခဲ့လဲ နောက်ကျခဲ့ပြီ
သိခဲ့လဲ ပြင်ဆင်ခွင့်မရဖြစ်ခဲ့ပြီ
ပြန်ချင်ပေမယ့် အမေပြောတဲ့
ကိုယ့်ဘ၀လမ်းဆိုတဲ့စည်းက တားမြစ်ခဲ့ပြီ ။

အားလုံးကို နားလည်ချိန်မှ
နောင်တ နဲ့အတူ ကြေကွဲ ဆွေးမြေ့အောင်
ရင်မှာတမ်းတလွမ်းဆွတ် နာကျင်နေလဲ
အစားမရတော့တဲ့ အိမ်လေးကိုတော့
စိတ်ကူးနဲ့ အခါခါ ပြန်နေမိပါရဲ့။

အဖေနဲ့ အမေ့ကိုလွမ်းလို့ ဒီစာစုလေးနဲ့အတူ သမီးကန်တော့ပါတယ်။ အဖေနဲ့အမေ အဝေးတစ်နေရာမှ သိရှိနိုင်ပါစေလို့ တောင်းဆုပြုရင်း
                                                                ဆုလေးနွယ်
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်