ချစ်လို့ချစ်တယ် ဖြေခဲ့ခါဝယ်
တမ်းတမှုတွေ တစ်သီကြီးနဲ့
သတိရခြင်းကို လက်ဆောင်ရခဲ့
မျှော်လင့်ခြင်းကို ရင်ဝယ်ပိုက်လို့
ကြင်နာခြင်းတွေ လိုချင်သော်လဲ
ဝေးကွာခြင်းစည်းတွေ တားထားခဲ့
မမေ့နိုင်မှုတွေ တစ်ပုံကြီးနဲ့
တွေ့ချင်စိတ်တွေ တားမရခဲ့လဲ
အလွမ်းကမ်းခြေမှာသာ ရပ်နေမိခဲ့
အတွေးစိတ်များ သူသိလေမလား
တိတ်တဆိတ်စိုးထိတ်ခဲ့လဲ
နှစ်ကိုယ်တူ ချစ်ခဲ့သူမို့ သိမယ်ထင်ရဲ့
စိတ်ကူးအိပ်မက် တကယ်ဖြစ်ချင်ခဲ့လို့
မသေချာမှုတွေ အဝေးမှားထားပြီး
လွမ်းနေရတဲ့ တံတိုင်းတွေကို
ဒီမျှနဲ့သာ ဖြိုချင်ပါရဲ့........
ဆုလေးနွယ်
တမ်းတမှုတွေ တစ်သီကြီးနဲ့
သတိရခြင်းကို လက်ဆောင်ရခဲ့
မျှော်လင့်ခြင်းကို ရင်ဝယ်ပိုက်လို့
ကြင်နာခြင်းတွေ လိုချင်သော်လဲ
ဝေးကွာခြင်းစည်းတွေ တားထားခဲ့
မမေ့နိုင်မှုတွေ တစ်ပုံကြီးနဲ့
တွေ့ချင်စိတ်တွေ တားမရခဲ့လဲ
အလွမ်းကမ်းခြေမှာသာ ရပ်နေမိခဲ့
အတွေးစိတ်များ သူသိလေမလား
တိတ်တဆိတ်စိုးထိတ်ခဲ့လဲ
နှစ်ကိုယ်တူ ချစ်ခဲ့သူမို့ သိမယ်ထင်ရဲ့
စိတ်ကူးအိပ်မက် တကယ်ဖြစ်ချင်ခဲ့လို့
မသေချာမှုတွေ အဝေးမှားထားပြီး
လွမ်းနေရတဲ့ တံတိုင်းတွေကို
ဒီမျှနဲ့သာ ဖြိုချင်ပါရဲ့........
ဆုလေးနွယ်
0 comments:
Post a Comment