အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » အကြင်နာဆုံးသာဖြစ်ချင်ခဲ့တဲ့ငါ

အကြင်နာဆုံးသာဖြစ်ချင်ခဲ့တဲ့ငါ

Written By MyanmarChnnel@ on Tuesday, August 13, 2013 | 7:27 PM

ငါ ... မတားရက်ပါဘူး
ငါ.... မပြောရက်ပါဘူး
ငါ.... မပိတ်ပင်ရက်ဘူး
ငါ.... မငြိုငြင်ရက်ဘူး
ငါ အပြစ်မဆိုရက်ပါဘူး။

ငါ နားလည်ပေးနိုင်မယ်လို့
ငါ့ကိုယ်ငါ ယုံခဲ့တယ်
ဒါပေမယ့်နားလည်ပေးနိုင်ဖို့
ငါကိုယ်တိုင်အရူးတစ်ယောက်လို
 
နာကျင်ရချိန်မှ
ကိုယ်ချစ်တဲ့သူတစ်ယောက်ကို
လွယ်လွယ်နဲ့နားလည်ပေးနိုင်တဲ့သူဟာ
တကယ်အချစ်စစ်မှ ဟုတ်ရဲ့လားလို့တောင်
တွေးထင်မိခဲ့တယ်။

ငါ့မာနတွေ ငါ့ဆန္ဒတွေ
အချစ်နဲ့တွေ့မှ ခ၀ါချပြီး
ငါ ပြင်ဆင်ခဲ့တာပါ..
ငါ အရာအားလုံးကို ဥပက္ခာပြုထားနိုင်ပါရက်
နင်နဲ့ကျမှ ပြုထားလို့မရနိုင်လောက်အောင်
အရမ်းစိတ်ဆိုးမိတယ်။

ဘာပဲဖြစ်နေပါစေ
ငါ မင်းအတွက်နားအလည်ပေးနိုင်ဆုံးသူပဲ
ဖြစ်ချင်ခဲ့တာမို့ ငါ့အတွက် ဘာမှ မကျန်ခဲ့တောင်
ငါ နားလည်ပေးနေမှာပါ။

နာကျင်နေတဲ့ငါ့နှလုံးသားတွေ
စိတ်မချမှုတွေ စိုးရိမ်မှုတွေ
အားလုံး အားလုံးကို ငါ အနိုင်ယူမှာပါ
တစ်နေ့မှာပေါ့ ..........

တစ်လောကလုံးမှာ
နားအလည်ပေးနိုင်ဆုံးနဲ့
ကြင်နာဆုံးသာ ဖြစ်ချင်ခဲ့တဲ့ ငါ ................
 
                     ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်