အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ကဗျာဆရာ၏ ခံစားချက်

ကဗျာဆရာ၏ ခံစားချက်

Written By MyanmarChnnel@ on Tuesday, August 6, 2013 | 8:02 PM

အရာအားလုံး ငါ ဆုံးရှုံးခဲ့တောင်
အဖိုးတန်တဲ့ ငါ့ အတွေးတွေ
ငါ့အိပ်မက် ငါ့ကဗျာတွေ
မဆုံးရှုံးစေချင်ခဲ့ဘူး ။


အတွေးတစ်ခုရဖို့
စာတစ်ကြောင်းရေးဖို့ အတွက်
ညပေါင်းများစွာ စုစည်းခဲ့ရတဲ့
စကားလုံးတွေ ပျက်စီးခဲ့တဲ့
စာရေးသူတစ်ယောက်ရဲ့
ခံစားကြေကွဲမှုက
ဘာနဲ့မှ နှိုင်းယှဉ် အစားထိုးမရအောင်
နာကျင်ခံစားရတယ်။

ကဗျာ စာတွေ ဆောင်းပါးတွေ
ဖတ်တော့တာ လွယ်တယ် လို့
ထင်ခဲ့ကြမှာပါ ...

ဒါပေမယ့်
အဲလိုရေးနိုင်ဖို့ စာရေးတဲ့သူဟာ
ညပေါင်းရက်ပေါင်းများစွာ
အတွေးတွေနဲ့ အားလုံးဖတ်ဖို့
သူအရင်ဖတ်ရတာပါ။

ကဗျာကောင်းဖြစ်ဖို့ ကြိုးစားပေမယ့်
မဖြစ်မြောက်သွားတဲ့ ကဗျာတွေကိုလဲ
နှလုံးသားနဲ့ ခံစားပေးကြည့်ကြပါ။



                                        ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်