ချစ်သူ.......
အနေဝေးလို့ ငါ စိမ်းကားမယ် မထင်ပါနဲ့
ငါ့ရင်ထဲမှာ နင် အမြဲရှင်သန်နေတယ်။
လမ်းခွဲလိုက်လို့ ငါ မေ့ပြီ မထင်ပါနဲ့
အချိန်တိုင်းမှာ နင်စိုးမိုးထားပါတယ်။
ငါမုန်းတယ်ပြောလို့ တကယ်မုန်းတယ်မထင်ပါနဲ့
နင်ပျော်ဖို့အတွက် ငါ ဟန်ဆောင်ပြောခဲ့တာပါ။
နင်ငါ့နားမရှိတော့လို့ ငါ သွေးအေးမယ် မတွေးပါနဲ့
ငါ့နားမှာ နင့်ပုံရိပ်တွေ ပြည့်နှက်နေတယ်။
တကယ်တော့ချစ်သူရယ်.....
နင်ပျော်ဖို့ နင်လိုအင်ဆန္ဒတွေ ပြည့်စေဖို့
ငါ့နှလုံးသားကို အနက်ရောင်ပိတ်ကားနဲ့
မမြင်အောင်ငါတားခဲ့တာပါ ....
အဲပိတ်ကားရဲ့နောက်ကွယ်
အလူးလူးအလှိမ့်လှိမ့်နဲ့
ငါငိုကြွေးနေတယ်ဆိုတာ သိရင်....
နင်ကျေနပ်ပါဟာ .........
ဆုလေးနွယ်

0 comments:
Post a Comment