ငါမျှော်လင့်မိတဲ့ မင်းရဲ့ တမ်းတခြင်းစာလွှာ
မနက်ဖြန်တိုင်းမှာ မတွေ့ရသေးဘူး။
ငါတမ်းတတဲ့ မင်းရဲ့ အကြင်နာ
ခုချိန်ထိတောင် မရွာလာသေးဘူး။
ငါလိုချင်တဲ့ မင်းရဲ့ မေတ္တာ
ငါမရှိမှ မင်း ပေးမှာလား။
ငါစောင့်စားတဲ့ မင်းရဲ့ အချစ်တွေ
မင်းရဲ့ ယုယမှုတွေ .....
ငါ မသိနိုင်တော့တဲ့ ချိန်မှ ပေးမှာလား ?
ငါ အမြဲ နားလည်ပေးနေလို့
ငါ့အပေါ် အနိုင်ယူ ဆိုးနေခဲ့တာလား .......
ငါနားမလည်ဘူး ငါ မသိတော့ဘူး
ငါမသိနိုင်တော့ဘူး ...
မင်းမေးနေတဲ့မေးခွန်းတွေ
ဥာဏ်မမီတဲ့ ဥာဏ်စမ်းမျိုးနဲ့
ငါ မဖြေခဲ့တာပဲ ကောင်းပါတယ်ဟာ
ငါမဖြေတာပဲကောင်းပါတယ် ။
ဆုလေးနွယ်
ချစ်သူ ရယ်......
Written By MyanmarChnnel@ on Saturday, August 24, 2013 | 9:57 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment