မျက်ရည်ကို ပိုးလိုမွှေး
တယုတယ ငါသိမ်းထားခဲ့တာ
မင်းရက်စက်မှုအောက်
အကြိမ်ကြိမ်ငိုဖို့မဟုတ်ခဲ့ဘူး။
ငါ့အချစ်တွေကို အမြင့်မှာထား
အစွန်းထင်းတောင် မခံနိုင်ခဲ့တာ
မင်းလှည့်စားမှုအောက်
ကျရှုံးဖို့မဟုတ်ဘူး။
ငါ့ကြင်နာမှုတွေ ပျိုး
ဂရုတစိုက် ငါထိန်းလာတာ
မင်းမာယာအောက်
လဲကျဖို့မဟုတ်ဘူး။
အလွမ်းတွေကို ပေး
နဲနဲမှအဝေးမခံချင်ခဲ့တာ
မင်းအပြုံးတွေအောက်
ငါ နာခံဖို့မဟုတ်ဘူး။
အမုန်းတွေကို ပစ်
တစ်စက်မှ မလိုချင်ခဲ့တာ
မင်းလုပ်ရပ်ကြောင့်
ငါ မုန်းတတ်ဖို့မဟုတ်ဘူး ။
မင်း နားလည်ပါ ငါ မုန်းတတ်ဖို့
ငါ့ကို ထပ်မသင်ပါနဲ့
ငါ့ကို ထပ်မသင်နဲ့ .....
ဆုလေးနွယ်
တယုတယ ငါသိမ်းထားခဲ့တာ
မင်းရက်စက်မှုအောက်
အကြိမ်ကြိမ်ငိုဖို့မဟုတ်ခဲ့ဘူး။
ငါ့အချစ်တွေကို အမြင့်မှာထား
အစွန်းထင်းတောင် မခံနိုင်ခဲ့တာ
မင်းလှည့်စားမှုအောက်
ကျရှုံးဖို့မဟုတ်ဘူး။
ငါ့ကြင်နာမှုတွေ ပျိုး
ဂရုတစိုက် ငါထိန်းလာတာ
မင်းမာယာအောက်
လဲကျဖို့မဟုတ်ဘူး။
အလွမ်းတွေကို ပေး
နဲနဲမှအဝေးမခံချင်ခဲ့တာ
မင်းအပြုံးတွေအောက်
ငါ နာခံဖို့မဟုတ်ဘူး။
အမုန်းတွေကို ပစ်
တစ်စက်မှ မလိုချင်ခဲ့တာ
မင်းလုပ်ရပ်ကြောင့်
ငါ မုန်းတတ်ဖို့မဟုတ်ဘူး ။
မင်း နားလည်ပါ ငါ မုန်းတတ်ဖို့
ငါ့ကို ထပ်မသင်ပါနဲ့
ငါ့ကို ထပ်မသင်နဲ့ .....
ဆုလေးနွယ်
0 comments:
Post a Comment