အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » အချစ်ရွက်လှေ

အချစ်ရွက်လှေ

Written By MyanmarChnnel@ on Friday, August 9, 2013 | 2:45 AM


ငါ့မှာရွက်လွှင့်ဖို့ ရွက်လှေတစ်ခု ရှိတယ်
အချစ်ဆိုတဲ့ပင်လယ်မှာ
ဘယ်သောင်ကို ဆိုဒ် ဘယ်ကမ်းကို နားရမှန်းမသိခဲ့လို့
ငါရွက်လွှင့်မပေးရဲဘူး။

အခြားရွက်လှေငယ်လေးတွေ
အများကြီး လွှင့်ပေးခဲ့တာကို မြင်ခဲ့ဖူးတယ်
အမည်တောင်မဖော်နိုင်အောင်များတဲ့
ကမ်းငယ်လေးတွေမှာ ဆိုက်ကပ်ခဲ့တယ်။


ကမ်းက အပြန်ငါရလာခဲ့တာ
မာယာကချေသည် အမုန်းတမန်တော် နဲ့
အလွမ်းမင်းသမီး သံသမင်းသားတွေ.....

ငါ ဆက်မတိုးရဲတော့လို့ ငါ့ရဲ့
မေတ္တာနှလုံးသားရွက် လှေလေးကို
ဒီတိုင်းဆိုဒ်ထားမိပေမယ့် .......

အကြင်နာရေလှိုင်းကြောင့် မျှောလွှင့်ခဲ့ရတယ်
ဘယ်သောင် ဘယ်ဆီ ဘယ်ဝယ် ငါ မသိခဲ့ပေမယ့်
သံယောဇဉ်ရင်ခွင်ကမ်းကို ဆိုက်ကပ်ခဲ့မှန်းတော့ ငါသိခဲ့တယ်။

ခုဆိုရင် ....

ငါ လှေငယ်လေးဟာ
ရင်ခွင်ဆိပ်ကမ်းကနေ ကမ်းခွာဖို့
မတွေးရဲသလို ပြန်လည်ထွက်ခွာရမှာလဲ
အရမ်းကြောက်တယ်။

အချစ်ပင်လယ်ထဲမှာ
အမုန်းမုန်တိုင်းတွေ မတိုက်ခတ်ပါစေနဲ့လို့
အထပ်ထပ်ဆုတောင်းရင်းနဲ့
ရင်ခွင်ဆိပ်ကမ်းက ငါ့နှလုံးသားရွက်လှေလေး
ထာဝရဆိုက်ထားခွင့်လေး ရချင်ပါရဲ့။

ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်